ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား
ကချင်တွေက စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့  လိုင်ဇာ သတင်းရပ်ကွက်က ကျနော်တို့  ပြောပါတယ်။ ဆက်လက်ပြီးသူက "ဗမာစစ်တပ်က ကျနော်တို့ ကို မတိုက်ရဲပါဘူး.. ဖြဲချောက်ကြည့်တာလောက်ပဲရှိဒါပါ" လို့ ဆိုပါတယ်။ "ကျနော်တို့ ထက် သူတို့ ဘထွေးတရုတ်တွေကို ကြောက်လို့ " ဆိုပါတယ်။
KIO ကချင်လက်နက်ကိုင်တပ်ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလမှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ နယ်မြေဆုံးရုံးမှုတွေ၊ လူထုထောက်ခံမှုစဒါတွေ ဆုံးရှုံးခဲ့တာပါ။ တဖက်မှာ စီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိလုပ်နိုင်ခဲ့ပေမယ့် အထက်အောက်မညီမျှမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ သို့ သော် နယ်ခြားစောင့်တပ်ကို လက်မခံပဲ ငြင်းဆိုလိုက်တဲ့နောက်ပိုင်းမှာ ကချင်လူထုထောက်ခံမှု အပြည့်အ၀ ပြန်ရရှိလာကြတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် KIO ကချင်လက်နက်ကိုင်အဖွဲ့ လုံးဝအမြတ်ထွက်သွားတာ တစ်ခုရှိတယ်လို့ ဆိုပါတယ်။ အဲတာက ရန်ကုန် တက္ကသိုလ်၊ မန္တလေး၊ စတဲ့ ဗမာပြည်အနှံ့ မြို့ ကြီးတွေမှာ ဘွဲ့ ရ ကချင်လူငယ်တွေဟာ ဗမာပြည်အစိုးရက အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်တော့ KIO ထည့်ကို လိမ့်ပြီးဝင်လာပါတော့တယ်။ KIO လူကြီးတွေကလည်း ခေတ်ပညာတတ် ဗမာအကြောကို နှောကြေနေတဲ့ ကချင်လူငယ်တွေကို ဗိုလ်လောင်းသင်တန်းတွေ အပတ်စဉ် တစ်ခုပြီးတစ်ခုဖွင့်ပြီး တော်လှန်ရေးအတွက် New Generation တွေကို မွေးထုတ်တော့တာပါပဲ။
ယခုအချိန်မှာ ဗိုလ်သင်တန်းဆင်း ကချင် တပ်မှူးငယ်လေးတွေဟာ အရမ်းတက်ကြွနေတယ်လို့ ဆိုပါတယ်။ ဘန်းစကားအရပြောရရင် ဗမာ့တပ်မတော်ကို အရမ်းဆော်ချင်တဲ့သူတွေ လို့ ဆိုရပါမယ်။ KIO လူကြီးတွေက မနည်းထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ထားရတယ် လို့ လည်းဆိုပါတယ်။ မဟုတ်ရင် အနားကပ်လာပြီဖြစ်တဲ့ ရန်သူကို ပြေးဆော်ချင်နေတဲ့သူတွေကြီးပဲလို့  လိုင်ဇာသတင်းရပ်ကွက်က ကျနော်တို့ သောသီခို ပြောပါတယ် ခင်ဗျား.....
xxxxxxxxxxxxxxx