၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Tuesday, May 31, 2011

Monday, May 30, 2011

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

ကချင်တွေက စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့  လိုင်ဇာ သတင်းရပ်ကွက်က ကျနော်တို့  ပြောပါတယ်။ ဆက်လက်ပြီးသူက "ဗမာစစ်တပ်က ကျနော်တို့ ကို မတိုက်ရဲပါဘူး.. ဖြဲချောက်ကြည့်တာလောက်ပဲရှိဒါပါ" လို့ ဆိုပါတယ်။ "ကျနော်တို့ ထက် သူတို့ ဘထွေးတရုတ်တွေကို ကြောက်လို့ " ဆိုပါတယ်။
KIO ကချင်လက်နက်ကိုင်တပ်ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလမှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ နယ်မြေဆုံးရုံးမှုတွေ၊ လူထုထောက်ခံမှုစဒါတွေ ဆုံးရှုံးခဲ့တာပါ။ တဖက်မှာ စီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိလုပ်နိုင်ခဲ့ပေမယ့် အထက်အောက်မညီမျှမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ သို့ သော် နယ်ခြားစောင့်တပ်ကို လက်မခံပဲ ငြင်းဆိုလိုက်တဲ့နောက်ပိုင်းမှာ ကချင်လူထုထောက်ခံမှု အပြည့်အ၀ ပြန်ရရှိလာကြတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် KIO ကချင်လက်နက်ကိုင်အဖွဲ့ လုံးဝအမြတ်ထွက်သွားတာ တစ်ခုရှိတယ်လို့ ဆိုပါတယ်။ အဲတာက ရန်ကုန် တက္ကသိုလ်၊ မန္တလေး၊ စတဲ့ ဗမာပြည်အနှံ့ မြို့ ကြီးတွေမှာ ဘွဲ့ ရ ကချင်လူငယ်တွေဟာ ဗမာပြည်အစိုးရက အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်တော့ KIO ထည့်ကို လိမ့်ပြီးဝင်လာပါတော့တယ်။ KIO လူကြီးတွေကလည်း ခေတ်ပညာတတ် ဗမာအကြောကို နှောကြေနေတဲ့ ကချင်လူငယ်တွေကို ဗိုလ်လောင်းသင်တန်းတွေ အပတ်စဉ် တစ်ခုပြီးတစ်ခုဖွင့်ပြီး တော်လှန်ရေးအတွက် New Generation တွေကို မွေးထုတ်တော့တာပါပဲ။
ယခုအချိန်မှာ ဗိုလ်သင်တန်းဆင်း ကချင် တပ်မှူးငယ်လေးတွေဟာ အရမ်းတက်ကြွနေတယ်လို့ ဆိုပါတယ်။ ဘန်းစကားအရပြောရရင် ဗမာ့တပ်မတော်ကို အရမ်းဆော်ချင်တဲ့သူတွေ လို့ ဆိုရပါမယ်။ KIO လူကြီးတွေက မနည်းထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ထားရတယ် လို့ လည်းဆိုပါတယ်။ မဟုတ်ရင် အနားကပ်လာပြီဖြစ်တဲ့ ရန်သူကို ပြေးဆော်ချင်နေတဲ့သူတွေကြီးပဲလို့  လိုင်ဇာသတင်းရပ်ကွက်က ကျနော်တို့ သောသီခို ပြောပါတယ် ခင်ဗျား.....
xxxxxxxxxxxxxxx

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, May 30, 2011

မြ၀တီမြို့တွင် ဗုံးတစ်လုံး ပေါက်ကွဲ

-မေလ ၁၉ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီခွဲခန့်အချိန်၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံ အမျိုးသမီးတဦးက “ဒီမနက်မှာ မြ၀တီမြို့ စာတိုက်ဝင်းထဲက အများသုံးဖုန်းရုံထဲမှာ ဗုံးတ လုံး ပေါက်ကွဲသွားတယ်။ အဲဒီနားက သံဇကာတံခါးတော့ ပေါက်ကွဲတဲ့အရှိန်နဲ့ လွှင့်ထွက်သွား ပြီး ပစ္စည်းတွေ နည်းနည်း ပျက်စီးသွားတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိ ဘူး။”ဟု ပြော သည်။

အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာမှာ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဌာန၀င်းအတွင်း ဖြစ် ပြီး မြ၀တီမြို့ ရဲစခန်းနှင့် နီးသည်ဟု သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကားလမ်းဘေးချုံရှင်းရန် ဒေသခံများ အဓမ္မခိုင်းစေခံရ

မေလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

ပဲခူးတိုင်းအတွင်းရှိ အစိုးရလှုပ်ရှားတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခလရ(၃၄၉)တပ်ရင်းသည် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၀ရွာကျော်မှ ရွာသူရွာသားများကို နံ့သာကွင်း-ကျောက်ကြီးမြို့နှင့် ကျောက်ကြီးမှ ကျောက်မော်သို့သွားသည့် ကား လမ်းတစ်ဖက်တချက်ကို ခုတ်ထွင်ရှင်းလင်းရန် ယခုလ တတိယအပတ်မှစ၍ အဓမ္မခိုင်းစေခဲ့သည်ဟု သိရသည်။
အဆိုပါတပ်များသည် ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တိုက်ခိုက်မှုကို မခံရရန်အတွက် ယခုလို ကားလမ်းရှင်းခိုင်းခြင်းဖြစ်ကြောင်းကို ရွာသားတစ်ဦးက ယခုလို ပြောသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....