၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Friday, September 30, 2011

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ် တားမြစ်နေမှုများကို LDB မှ ထောက်ခံ

နန်းသူးလေ (ကေအိုင်စီ)

ထားဝယ်-ကန်ချနဘူရီ အဝေးပြေး လမ်းမ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့၏ ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB)မှ ယမန်နေ့က ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။

LDB ၏ ထုတ်ပြန်ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်အကျိုးထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ၀ိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်ကြောင်း KNU ၏ တွဲဖက်အ တွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။

ဗိုလ်မှူးစောလှငွေက “ဒီဆောက်လုပ်ရေးတွေက ဘယ်နေရာ ဘယ်ဒေသမှာပဲလုပ်လုပ် အဓိကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ဆောင်ချက်တွေဆိုရင် ကျနော်တို့အနေနဲ့လည်း မတားဆီးပါဘူး။ အခုလည်း ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် စဉ်းစားပြီး လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ဆန္ဒ နဲ့ ထပ်တူဖြစ်ပြီး ထောက်ခံအားပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။”ဟု ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော ၁၆၀ ကီလိုမီတာရှိသော ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်းမသည် မြန်မာပြည်အတွင်းပိုင်းတွင် ကီလိုမီတာ ၁၃၀ရှည်လျားပြီး လမ်းမတောက်လျှောက်တွင် ဒေသခံ ကရင်တိုင်းရင်းသားပြည်သူများ မှီတင်းနေထိုင်သော ကျေးရွာ ၁၃ရွာ၊ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် ဥယျာဉ်ခြံမြေနှင့် တောင်ယာမြေများ ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်ဟု LDB က ထောက်ပြထားသည်။

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးသည် ကချင်အကျိုးအတွက်သာမက မြန်မာတပြည်လုံး၏ အကျိုးအတွက် အရေးပါလှပြီး တစ်ဦး၏ပြဿနာအား တစ်ဦးက နားလည်ပေးနေသည့် LDB ၏ ကြေညာချက်မှာ တပြည်လုံး၏ ငြိမ်းချမ်းရေး အသွင်ဆောင်နေသည့်အတွက် အလွန်ဝမ်းမြောက်လှကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြားရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်းဒေါင်က ကေအိုင်စီကို ပြောသည်။

“မြစ်ဆုံရေကာတာ တည်ဆောက်မှုဟာ တစ်ပြည်လုံးအရေးဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာဆိုရင် ရွာပေါင်း ၆၀နဲ့ လူပေါင်း ၂သောင်းလောက် ဒုက္ခရောက်ကြရမှာပါ။ ကချင်ပြည်တခုထဲ မဟုတ်ဘဲ မြစ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်း ဒုက္ခ ရောက်ရမဲ့အရေးပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွားအောင် ရပ်ထားတယ်။ ရှေ့ဆက်ပြီး တော့လည်း လူမျိုးစုအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။”ဟု ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး အတုအယောင်လွှတ်တော်တွင် ဆုံးဖြတ်ချက် ရယူမှုကို ကန့်ကွက်ကာ ရေကာတာ ဆောက်လုပ်ခြင်း စီမံကိန်းရပ်တန့်သွားစေမည့် KIO ၏ လိုအပ်သော လုပ် ဆောင်မှုများကို ထောက်ခံကြောင်းလည်း LDB က ဆိုသည်။

ဘိုးဘွားစဉ်ဆက် မြန်မာတိုင်းရင်းသားပြည်သူအားလုံး မှီတင်းနေထိုင်ခဲ့သည့် ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံရေကာတာကြောင့် ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ရှိသည့်အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ ပြည် သူအားလုံးနှင့် အဖွဲ့အစည်းများက ရေကာတာဆောက်လုပ်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန် တင်ပြ တောင်းဆိုခဲ့ကြသည်။

LDB ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအိုင်စီက ဂျပန်ရှိ LDB အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့် အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကာ မြန်မာလူထုကြား၌ အခိုင် အမာ တည်ရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် လေးစားကြောင်းကိုလည်း LDB က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့ကလည်း LDB အနေဖြင့် မြန်မာအစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို လေးစားထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, September 27, 2011

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်

အစိုးရတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) နယ်မြေကို တပ်ရင်း ၁၀ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) က ပြောပါတယ်။

ကေအိုင်အိုတပ်မဟာ (၄) ခွင်ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အခြေပြု ကေအိုင်အေ တပ်ရင်း ၂ နဲ့ တပ်ရင်း ၉ ကို လက်လွှတ်ပေးလိုက်တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်​။

“လက်နက်ကြီးနဲ့ပဲ တရစပ်ပစ်တဲ့အတွက်ကြောင့် နောက်တန်းရုံးအဖွဲ့တွေကို နေရာဖယ်ခိုင်းလိုက်တာပါ။ အားလုံးကို ရှေ့တန်းကို လွှတ်ထားလိုက်ပါပြီ။ ကျနော်တို့ လက်ရှိကျင့်သုံးနေတာက ပြောက်ကျားစစ်ဗျူဟာပါ။”

တိုက်ပွဲဟာ မူဆယ်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်​။

“တိုက်ပွဲတော်တော်ပြင်းထန်တယ်။ သူ့ရဲ့အင်အားက ၁၀၀၀ ကျော်သွားပြီ။ ဒီနေ့ရတဲ့စာရင်းအရ၊ တပ်ပို့တွေ ထပ်ဖြည့်တာတွေလည်းရှိတယ်။”

ကေအိုင်အေ တပ်မဟာ ၄ ခွင်ကိုတိုက်တဲ့ အစိုးရထိုးစစ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမတိုင်ခင် ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကို ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု- ဗိုလ်ချူပ်ကြီး စိုးဝင်းနဲ့ ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးတို့ ဦးစီးကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

အစိုးရဘက်ကထိုးစစ်ဟာ မူဆယ်မြို့က ရွှေပြည်သစ်ရဲဘက်စခန်းကို ကေအိုင်အေတပ်မဟာ ၄ က ၀င်စီးခဲ့ပြီးနောက် အစိုးရဘက်က တိုက်ခိုက်မှုဖြစ်ပါတယ်။

ကေအိုင်အေဘက်ကလည်း ထိုးစစ်ကို ခုခံနေချိန်မှာ အခြားနေရာတွေဖြစ်တဲ့ ဗန်းမော် – လွယ်ဂျယ်လမ်းပေါ်က စိန်လုံနဲ့ လွယ်ဂျယ် တို့မှာ ကေအိုင်အေဘက်က စတင်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ တုန်ဖုန်းယန်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ကြောင့် အခုလာမယ့် လေးလပတ်ပုံမှန် အစည်းအဝေးမှာလည်း စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲ ကျလာဖို့ များတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။

“အခု သူတို့ပြောဆိုနေတာတော့ နိုင်ငံရေး ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ တဖက်မှာ ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ စစ်ရေးနည်းနဲ့ပဲ အားလုံးကို ဖြေရှင်းနိုင်တယ်။ အားလုံးကို စိုးမိုးနိုင်တယ်ဆိုတဲ့ ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်။ ဒါကြောင့်မို့ ဒီလေးလပတ်မှာ ထွက်လာမယ့် ရလဒ်ကတော့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါလိမ့်မယ်။”

၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့ ကေအိုင်အိုဟာ အစိုးရစီမံတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပယ်ချပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်နေ့ကစလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အပစ်ရပ်ရေးစကားပြောနေပေမယ့် လက်တွေ့ မရပ်သေးပဲ ဖြစ်နေတာပါ။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မဲဆောက်- မြ၀တီတံတားကို ထိုင်းစစ်တပ် သံဆူးကြိုးဖြင့် ပိတ်ဆို့

by ဒီဗွီဘီ

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် မြ၀တီ – မဲဆောက်တံတား အနားတ၀ိုက်ကို ထိုင်းစစ်တပ်က ဒီနေ့ သံဆူးကြိုးတွေချပြီး ပိတ်ဆို့ ထားလိုက်ပါတယ်။

ထိုင်းစစ်တပ်က သံဆူးကြိုးဖြင့် ပိတ်ဆို့ နေ စဉ်

ထိုင်းနယ်စပ်ကော်မတီက မြန်မာနယ်စပ်ကော်မတီ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိတ်ဆို့တာလို့ သိရကြောင်း ကွင်းဆင်းလုပ်ဆောင်ရေး တာဝန်ကျ ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။

ဒီကိစ္စမှာ သူဟာ အမြင့်ဆုံး​ တာဝန်ခံ​ မဟုတ်တဲ့​ အတွက် အသေးစိတ် ပြောပိုင်ခွင့်​ မရှိဘူးလို့ ဆိုပါတယ်။

တံတားအထက်ပိုင်းကနေ တံတားမြောက်ပိုင်း ပြည်သူပိုင်ကျွန်းအထိ ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ခုလိုပိတ်ဆို့ ရတာဟာ လူကူးလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေ မ၀င်လာနိုင်ဖို့​ ဖြစ်တယ်လို့  ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။

တံတားတ၀ိုက်ကို ခုလို ပိတ်ဆို့ လိုက်ပေမယ့် သာမန် ကူးလူး သွားလာမှုတွေအတွက် တံခါးတခုကို လုံခြုံရေးအစောင့်ချပြီး ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ က ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့ နယ်ဘက်က သယ်ဆောင်လာတဲ့ ရာဘ ခေါ် မြင်းဆေးပြား ၈ သောင်းကျော်ကို မယ်ဆိုင်မြို့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်ကလည်း မြင်းဆေးပြား ၁ သိန်းခွဲကို ဆေးပြားထုတ်လုပ်ရေး ကိရိယာတွေနဲ့အတူ အိုက်စ်မူးယစ်ဆေး ဂရမ် ၈၅၀၀ ကျော်အပြင် အခြားမူးယစ်ဆေးဝါးမျိုးစုံ ကီလိုဂရမ် ၇၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာ ၄ ဦး ထိုင်းနိုင်ငံဘက်ကမ်း မယ်ဆိုင်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် ယင်လတ်ဦးဆောင်တဲ့ ထိုင်းအစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၆ လအတွင်းအပြီး လုပ်ဆောင်မယ်လို့ ကြေညာထားပြီးနောက်မှာ ဖမ်းဆီးမှုတွေတိုးလာတဲ့အပြင် ခုလို သံဆူးကြိုးချကာ ကာကွယ်တာတွေကို လုပ်ဆောင်လာတာပါ။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, September 23, 2011

ကရင်ပြည်နယ်အတွင်း ကြံ့ဖွံ့စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးနေ့ ထိုးစစ်

http://www.naytthit.net/?p=19943

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်ကြား ကောင်းမှုရွာအနီးမှာ ကြံ့ဖွံ့အ စိုးရစစ်တပ် ခမရ ၂၀၂ နဲ့ ဒီကေဘီကေ ၉၀၁ တပ်ဖွဲ့တို့ ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ KNU နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တိုက် ခိုက်ဖို့အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး မြဝတီကို ရောက်ရှိလာကာ နယ်ခြားစောင့်တပ် တွေကို စစ်ဆင်ရေးမှာ ပါဝင်ဖို့ ညှိနှိုင်းခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကြံ့ဖွံ့အစိုးရဘက်က ထိုးစစ်တွေကို စတင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်နဲ့ ထိစပ်နေတဲ့ ကေအန်ယူ တပ်မ ဟာ ၇ ဒေသကို စကခ(၁၂) လက်အောက်ခံ ခမရ (၃၅၇) (၂၀၂) နှင့် BGF တပ်ရင်း (၁၀၁၇) နယ်မြေခံ နဘူးအခြေစိုက် တပ်ရင် ၃ ရင်းနဲ့ ထိုးစစ်ဆင်နေပြီး။ မြဝတီ မြို့တောင်ဘက် သေဘောပိုး၊ ဝေါ်လေ ဒေသကိုတော့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတချို့နဲ့ ထိုးစစ်ဆင် တိုက် ခိုက်နေပါတယ်။

ဒီနေ့ ညနေ ၃ နာရီခန့်မှာ သေ့ဘောပိုးရွာ အနောက်ဘက် တောင်နီတောင်တန်းပေါ်က ကွီးလရှုတောင်ကုန်းမှာ ဒီကေ ဘီအေ တပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရတပ် ခမရ ၂၀၄ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ည ၁၀ နာရီလောက်မှာလည်း ၎င်းနေရာမှာပဲ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့တုန်းက ကော့ကရိတ်မြို့အနီး ကြောင်ရှာကုန်းမှာ စစ်တပ်ယာဉ်တန်း ရှေ့ပြေးလမ်းရှင်းကားကို ဒီအေဘီအေမှာ ဆီးကြိုတိုက်ခိုက်ခဲ့တယ်။

စက်တင်ဘာ ၂၁ ရက်မှာလည်း ကေအန်ယူ တပ်မဟာ (၇) ဒေသ ထိလော်သေ့ခီး နေရာမှာ ကေအန်ယူ ၁၀၁ တပ်ရင်း နဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်တို့ မနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲမှာ ကေအန်ယူ ဘက်က ၂ ယောက်ကျဆုံးခဲ့ပြီး။ ကြံ့ဖွံ့အစိုးရ တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။

ထိုင်းမြန်မာနယ်စပ်နဲ့ နီးကပ်နေတဲ့ သေ့ဘောပိုးနဲ့ ဝေါ်လေ အနောက်ဘက်က တောင်နီတောင်းတန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ ကြံ့ဖွံ့အစိုးရတပ်ဘက် ထိခိုက်မှုတွေ ရှိတယ်ခဲ့လို့ ဒီကေဘီအေ သတင်းရပ်ကွက်အဆိုအရ သိရှိရပါ တယ်။ ထိုဒေသမှာ ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နယ်မြေခံ မဟာမိတ် ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့တွေအပြင် ကျောင်းသားတပ်မတော်၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့၊ ဇိုမီးတိုင်းရင်းသား ကျောင်းသားလူငယ် တပ်ဖွဲ့တွေပါ လက်တွဲတိုက်ပွဲဝင်နေတယ်လို့ သိရှိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မိနစ် ၂၀ကြာ တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ ထိခိုက်ဒဏ်ရာရခဲ့

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်းရှိ ဝေါ်လေဒေသ တစ်နေရာတွင် ခြေကုပ်နေရာယူထားသည့် ကရင်ပူးပေါင်းတပ်ဖွဲ့များ အား ယမန်နေ့က အစိုးရစစ်တပ်မှ တိုက်ခိုက်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) က ပြောသည်။

ဝေါ်လေဒေသ၊ မယ်ကလာ့ချောင်းအနီးရှိ KNLA တပ်ရင်း(၁၀၃)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ရင်း(၉၀၇)တို့အား အစိုးရစစ်တပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄) စစ်ကြောင်း(၁)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ကြာ ၀င်ရောက်ပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း KNLA (၁၀၃)တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောနေ့စေးက ပြောသည်။

“ဖြစ်တဲ့နေရာက မယ်ကလာ့ချောင်းတံတားအနီး သေ့ဂေထာ့ကုန်းမှာ။ ၃နာရီ ၅မိနစ်အချိန်မှာ အင်အား ၅၀ကျော်ရှိတဲ့ ရန်သူ တပ်က ကျနော်တို့တပ်ဖွဲ့ကို ၀င်တိုက်တယ်။ မိနစ် ၂၀ကြာတယ်။ ဒီကေဘီအေတပ်သား ၁ဦးနဲ့ ကျနော်တို့ဘက်က ၁ဦး ထိ သွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေထိတော့ မရှိဘူး။ ရန်သူ့ဘက်လည်း ၁ဦးသေ၊ ၁ဦးဒဏ်ရာရတယ်လို့ သိရတယ်။”ဟု အ တည်ပြု ပြောဆိုသည်။

ခမရ(၂၀၄)သည် ကရင်ပူးပေါင်းတပ်ဖွဲ့အား တိုက်ထုတ်ရန်အတွက် လွန်ခဲ့သည့် ၂ရက်ကတည်းက ၀င်ရောက်နေရာယူထားခဲ့ သလို ရှေ့ဆက်လည်း ကရင်တပ်ဖွဲ့များ လှုပ်ရှားနေသည့်နေရာများကို ရှင်းလင်းရန် အစီအစဉ်ရှိသေးကြောင်း ၎င်းတပ်ရင်းမှူး က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် အစိုးရတပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄)တပ်ရင်း၊ ကေအဲန်အယ်လ်အေ (၁၀၃)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်၊ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် တရက် တာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့သော်လည်း အစိုးရစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဆက် တိုက် လုပ်ဆောင်လျှက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Thursday, September 22, 2011

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KNU လက်နက်ကြီးဖြင့် အပစ်ခံရ

စောခါးစူး (ကေအိုင်စီ)


Photo-KIC(ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော)

ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တစ်ရက်တာ အပစ်အခတ် ရပ်စဲရန် KNU က စက်တင်ဘာလ ၁၅ရက်နေ့၌ ကြေ ညာချက် ထုတ်ပြန်ထားသော်လည်း မြ၀တီမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ် တို့က ထီးဝါ့ဘလောကျေးနယ်အတွင်းရှိ KNLA တပ်ရင်း(၁၀၁)ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးကြီးစောအယ်ဆဲဆဲက “သူတို့(အစိုးရနဲ့ BGF တပ်ဖွဲ့)က ကျနော်တို့ကို လက်နက်ကြီးသက်သက်ပဲ ပစ်တာ။ ကျနော်တို့ ဘက်တော့ ပြန်ပစ်ခတ်တာ မလုပ်ဘူး။ ထိခိုက်မှုလည်း ဘာမှ မရှိ ပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာစစ်တပ်၏ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)နှင့် BGF တပ်ရင်း(၁၀၁၇)တို့က ထီးဝါ့ဘလောရွာအနီး တောင်ခြေမှနေ၍ ၎င်းတို့ကို နံနက် ၈နာရီကျော်မှ ၁၁နာရီအထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ စောစီးစွာ ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားပြည် နယ်များတွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်များ အားလုံး ရုပ်သိမ်းပေးရန်လည်း ပါဝင်သည်။

KNU ၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ KNLA တပ်တွေကို ပစ်ခတ်တာဟာ သူတို့(အစိုးရနှင့် BGF တပ်ဖွဲ့)တွေ နိုင်ငံတကာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကို မလေးစားတာကို ပြတာပဲ။”ဟု ပြောသည်။

ယခင် ၂၀၁၀ခုနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကလည်း KNU သည် အစိုးရတပ်များနှင့် တစ်ရက်တာ အပစ်အ ခတ် ရပ်စဲမှု ပြုလုပ်ရန် အလားတူ ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရတပ်များက KNU တပ်မဟာ(၄)နှင့် တိုက်ခိုက် ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, September 21, 2011

တရုတ်သံရုံးရှေ့ တကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ

http://www.naytthit.net/?p=19878

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းဟာ ကောလဟာလ မ ဟုတ်ဘဲ အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။

မနေ့ (၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြမှုတခု ဖြစ်ပေါ်ခဲ့ပါ တယ်။

ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့်ရှိတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး နိုင်ငံသားတယောက်ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန် မာလို “ဧရာဝတီ လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပေးပါ” စာသားပါတဲ့ သူ့ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တ ရုတ်ကုမ္မဏီတခုရဲ့ ပါဝင်ပက်သက်နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ကို လာရောက်ပြီး နှစ်နိုင် ငံတာဝန်ရှိသူတို့အပြင် မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။

အဆိုပါ တကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့်ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့ တနှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်အဖြစ် ရပ်တည်နေထိုင်လာခဲ့ ပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ဗီဇာရရှိခဲ့သူတဦး ဖြစ်ပါတယ်။

အမေရိကန်သို့ သွားရောက်ရေးဟာ အကြောင်းမညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့မှ ရန်ကုန်သို့ပြန်ရောက်ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့ သိပ်စကားမပြောတော့ဘဲ တစုံတခုကို အမြဲတွေးတော စဉ်းစားနေတတ်သူလို့ စုံစမ်း သိရှိရပါတယ်။

သူ ဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုများကို ဆောင် ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ သူ တောင်းဆိုတဲ့ကိစ္စနဲ့ ပက်သက်လို့ ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်လို့ သိရပါတယ်။

ယခုအခါ သူ့ကို ဘယ်ပုံဘယ်နည်း ဆက်လက်ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြတာ ၀န်ခံခိုင်းထား တယ်လို့ သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်ပြီး သူ့ရဲ့နောက်ကွယ်မှာ နိုင် ငံရေးအဖွဲ့အစည်းများ ပါဝင်ခြင်း ရှိနိုင်ခြေ နည်းပါးတယ်လို့ သိရပါတယ်။

သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား ဆန္ဒပြတဲ့ ပထမဆုံး တကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့  ပြည်ပ အခြေစိုက် သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့်စေလိုသူများက ကို အောင်သိန်းလှရဲ့ တကိုယ်တော်ဆန္ဒပြမှုအပေါ် လက်ရှိအစိုးရဘက်က ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အနီး ကပ်စောင့်ကြည့်နေကြပါတယ်။

ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့ ၂၀၀၈ ဖွဲ့ စည်းပုံအရ အာမခံချက်ပေးထားတဲ့ ကြံ့ခိုင် ရေးပါတီအစိုးရအနေနဲ့ ကိုအောင်သိန်းလှ ကို ပြန်လွှတ်ပေးမလား၊ ဆက်လက်ဖမ်းဆီးထားပြီး ဥပဒေ တခုခု အကြောင်း ပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြပြီး နေပြည်တော်လွှတ်တော် တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့ မကြာမီကမှ ဖွဲ့စည်းလိုက်တဲ့ အငြိမ်းစားဝန်ထမ်းကြီး များပါဝင်တဲ့ “လူ့အခွင့်အရေးကော်မရှင်” တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့  ဆောင်ရွက်ချက်အလားအလာတွေကို “ကိုအောင်သိန်းလှ အရေး” က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတခု ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ရဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍ ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ်ရွှေ့ဆိုင်း ထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါတယ်။

ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတဦးချင်းစီရဲ့ ဆန္ဒပြဆို ထုတ်ဖော် နိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူ အ စိုးရအနေနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ လူသားဘ၀ အခြေခံရပိုင်ခွင့်တခုကို ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့် ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက် တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေးကြကြောင်း သိရှိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ထားဝယ်ဆိပ်ကမ်း စီမံကိန်းယာဉ်များ KNU တားဆီး

ဧရာဝတီ

အငြင်းပွားဖွယ်ဖြစ်နေသည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းရှိ ပြည်ပကုမ္ပဏီတခု၏ မော်တော်ယာဉ်များ ထိုင်းနှင့် ထားဝယ်မြို့ ဆက်သွယ်ထားသော လမ်းတွင် သွားလာနေခြင်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက ပိတ်ပင်ထားကြောင်း သိရသည်။



အခမ်းအနားတခုတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သော ကားလမ်းသည် KNU တပ်မဟာ ၄ လှုပ်ရှားသည့် ဒေသတွင် တည်ရှိပြီး Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ်နေခြင်း ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း မစတင်မီ ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုများကို စနစ်တကျ လေ့လာရန် လိုကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က အင်္ဂါနေ့တွင် ပြောလိုက်သည်။

“ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းအားလုံးက နိုင်ငံတကာဥပဒေအတိုင်းပဲ ဖြစ်ရမယ်။ ပတ်ဝန်းကျင်ကို ပျက်စီးစေပြီးတော့ လူတွေကို ကောင်းကျိုး မပေးမှာကို ကျမတို့ မလိုလားပါဘူး” ဟု နော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောသည်။

စီမံကိန်း၏ အကျိုးသက်ရောက်မှုကို ဒေသခံပြည်သူများ သိရှိရန် လိုအပ်ပြီး စီမံကိန်းတည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်သူတို့က ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု နော်စီဖိုးရာစိန်က ဆက် ပြောသည်။

လူ့အခွင့်အရေးအဖွဲ့များကလည်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးမှု ကြီးမားကြောင်း ပြောဆိုနေကြသည်။

KNU က ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ အရေးယူ ဆောင်ရွက်ချက်များသည် ဒေသခံတို့၏ သဘောထားအပေါ် မူတည်သည်ဟု လေသံပစ်ထားသည်။

KNU က ယခင်တပတ်ကပင် ITD ကုမ္ပဏီကို ဆက်သွယ်ပြီး မော်တော်ယာဉ်များ သွားလာခွင့် ပိတ်ပင်ထားမှုကို အသိပေးပြီးဖြစ်သည်ဟု သိရကြောင်း ကရင်တိုင်းရင်းသား သတင်းဌာနတခုဖြစ်သည့် Kwekalu ၏ အယ်ဒီတာ အယ်နာက ပြောသည်။

သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများအတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ်တချို့ သွားလာနေခြင်းကို KNUက ခွင့်ပြုထားသည်ဟု အယ်ဒီတာ အယ်နာက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။

မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရှမ်းတပ်နှင့် တိုက်ပွဲ အစိုးရတပ် အထိနာ

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရတပ်များနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တို့ အင်္ဂါနေ့က ရှမ်းပြည်နယ် လာရှိုးမြို့နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲတခုတွင် အစိုးရတပ်ဘက်က ကျဆုံးသူ ခြောက်ဦး
ရှိကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/ SSA-N) က ပြောသည်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ်းပေါင်ကျေးရွာအနီး SSA အမှတ် (၉) မြို့နယ်လုံခြုံရေးတပ် အင်အား ၁၈ ဦးနှင့်
ခလရ (၁၉၁) အင်အား ၂ဝ ခန့်က ည ၁၂ နာရီမှ နံနက် တနာရီထိ တိုက်ပွဲဖြစ်ပွားရာ ကျဆုံးသူ ၆ ဦး နှင့်အတူ
MA-1 သုံးလက်၊ MA4-79 လောင်ချာတွဲ တလက်၊ ကျည်ဆံ ၄၅၈ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ နင်းမိုင်း ၄လုံး၊ လမ်းလျှောက်စကားပြောစက် တလုံးကို သိမ်းဆည်းရမိကြောင်း SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်မှ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး၊ SSA ဘက်က ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း ဗိုလ်မှူးစိုင်းလှက ဆက်ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရယူနိုင်ခဲ့ပါ။

“သူတို့က ကျနော်တို့ကို တောနင်း ရှာတိုက်တာ။ ကျနော်တို့ဘက်က သတင်းရပြီး စောင့်ပြီးတိုက်လို့ ထိခိုက်တာ မရှိဘူး” ဟု သူက ပြောသည်။

တနင်္ဂနွေနေ့တွင်လည်း ကျေးသီးမြို့နယ် အခြေစိုက် ခလရ (၁၃၁) က ယာဉ်တန်း ၈ စီးနှင့် နောင်ဆွမ်းကျေးရွာ ဘက်တွင် လှုပ်ရှားနေသည့် အစိုးရတပ်ကို ရိက္ခာပို့ရန်အတွက် ဝမ်ဖိန်းရွာနှင့် မိုင်းနမ်း ရွာသား ၃၅ ဦး၊ သံဃာတော်
၁ဝ ပါး၊ ဝမ်းဖိန်းရွာ ကျောင်းထိုင်ဘုန်းတော်ကြီးတို့ကို ကားဖြင့် ခေါ်သွားခဲ့သည်ဟု SSA က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာ၌ အစိုးရတပ်ရင်း ၁ဝ ရင်းခန့် တပ်စွဲထားဆဲ ဖြစ်ပြီး SSA ဘက်မှ ပြောက်ကျားတိုက်ပွဲ ဆင်လျက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရ ဒု-တိုင်းမှူးနှင့် BGF ဆွေးနွေးမှု ကရင်တပ်များကို ထိုးစစ်ဆင်ရေးအတွက်လား

စောခါးစူး (ကေအိုင်စီ)

မြန်မာအစိုးရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒု တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းသည် စက်တင်ဘာ ၁၇ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးမှုသည် အစိုးရစစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် ထိုးစစ်ဆင်ရန် BGF ကို လာရောက် စည်းရုံးခြင်းဖြစ်နိုင် သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလိုးလိုက ကေအိုင် စီသို့ ပြောသည်။

“သူတို့(အစိုးရ)က မြ၀တီမြို့နယ်မှာရှိတဲ့ ချူကလီးကို မြို့နယ်ခွဲအဖြစ် လုပ်နေတဲ့အခါကျတော့ (သူတို့မှာ) နယ်မြေစိုးမိုးမှုရှိဖို့ လိုအပ်တယ်။ ထိုးစစ်လုပ်မယ်ဆိုရင် အဲဒီကိစ္စကြောင့် ဖြစ်နိုင်တယ်။”ဟု သူက ဆက်ပြောသည်။ ကရင်ပြည်နယ် မြ၀တီမြို့နယ် အတွင်းရှိ ချူကလီးဒေသကို မြို့နယ်ခွဲအဖြစ် အဆင့်တိုးမြှင့်တည်ထောင်ရန် ယခင် စစ်အစိုးရလက်ထက် ၂၀၁၀ပြည့်နှစ်က တည်းက စတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိုင်းမှူး၏ ခရီးစဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဒု ဥက္ကဌ ပဒို စောဒေးဗစ်သာကဘောကလည်း “သူတို့ (အစိုးရ)က ကရင်အချင်းချင်း ပြန်တိုက်ဖို့အတွက် လာဆွေးနွေးတာပဲ။ ကျနော်တို့ ကရင်အချင်းချင်းကို သူတို့ အမျိုးမျိုးနဲ့ သွေး ခွဲတဲ့သဘော ဖြစ်တယ်။”ဟု သုံးသပ်သည်။

မြန်မာအစိုးရသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် တပ်မဟာနယ်မြေများကို ထိုးစစ်ဆင်မည် ဆိုသည့်သတင်းများ ရထားကြောင်းလည်း သူက ဆက်ပြောသည်။

လက်ရှိအခြေအနေအရ ကရင်ပြည်နယ်၊ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း လှုပ်ရှားနေသည့် အစိုးရတပ်များနှင့် နယ် မြေခံ KNU၊ DKBA တပ်များအကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေသော်လည်း အစိုးရဘက်က ထိုးစစ်တရပ် ချက် ချင်း ဆင်နွဲမည့် အရိပ်လက္ခဏာများ မတွေ့ရသေးဟု DKBA က ပြောသည်။

Photo-KIC (နယ်ခြားစောင့်တနှစ်ပြည့် အခမ်းအနားတွင် လူထုနှင့် နှုတ်ဆက်သည့် ဗိုလ်မှူးချုပ်ဇော်မင်း)

မြန်မာအစိုးရတပ်များသည် မိုးရာသီအကုန် ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှ မေလအထိ KNU ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်လေ့ရှိသည်။

မြ၀တီနှင့် ကော့ကရိတ်မြို့နယ်အတွင်း၌ အစိုးရ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂)လက်အောက်ခံ အမြောက်တပ် တပ်ရင်းတစ်ရင်း အပါအ၀င် ခြေလျင်တပ်ရင်း ခလရ(၉၇)၊ (၂၃၀)၊ (၂၃၁)၊ (၃၅၅)နှင့် (၄၅၆)တပ်ရင်းများ လှုပ်ရှားလျက်ရှိ သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, September 20, 2011

ရန်ကုန်မြို့တရုတ်သံရုံရှေ့ ဆန္ဒပြပွဲ အခြေအနေ

http://www.naytthit.net/?p=19784


ယမန်နေ့ (၁၉-၉-၂၀၁၁) မနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်း (ယခင် ဟယ်ပင်လမ်း) အတွင်း တရုတ် သံရုံးရှေ့မှာ “ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း” ကို ကန့်ကွက် ဆန္ဒပြမယ်လို့ သတင်းရရှိလို့ သွားခဲ့ပါတယ်။

ပြည်ထောင်စုရိပ်သာလမ်းအတွင်းမှာ လုံထိန်းတွေ ကြိုတင်နေရာယူထားတာကို တွေ့ရှိပါတယ်။ လုံထိန်းအင်အား (၁၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြည်လမ်းဘက်မှ ပြည်ထောင်စုရိပ်သာလမ်း အတွင်းချိုး အ၀င်စပ်မှာ လုံထိန်းကား (၂) စီး ချထားပါတယ်။ သံရုံးရှေ့မှာ လုံထိန်းကား (၁) စီး နေရာယူတာပြီး ဗဟိုလမ်းဆီ အထွက်နားမှာ လုံထိန်းကား (၁) စီး ချထားပါတယ်။

သံရုံးရှေ့နဲ့ မျက်နှာဆိုင်ရှိ ကလေးဆေးရုံဝန်းရှေ့မှာလဲ လုံထိန်းတွေ နေရာယူထားပါတယ်။ ဒီသတင်းကို တရုတ်သံရုံးက လဲ ရရှိထားတာမို့ ၀န်ထမ်းတွေကို အပြင်ထွက်ခွင့်မပေးပါဘူး။ သတင်းထောက်တချို့ ရောက်ရှိလာတဲ့အပြင် အခြားစိတ် ၀င်စားသူ အားပေးသူ အချို့လဲ ရောက်လာပါတယ်။

ဒါပေမယ့် မွန်းလည်တိုင်အောင် ဆန္ဒပြမှု မဖြစ်လာတဲ့အတွက် ပြန်သွားခဲ့ကြပါတယ်။ ဒီလမ်းဟာ သံရုံးဗီဇာဝင်သူနဲ့ က လေးဆေးရုံလာသူတွေသာ ရှိတာမို့ သာမန်အားဖြင့် လူရှင်းတဲ့ လမ်းပါ။ သို့သော် သံရုံးနဲ့ လုံထိန်းတော့ ထိတ်ထိတ် ပြာ ပြာ ဖြစ်သွားတာမို့ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် ပြောရပါမယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

တိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝ ဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ

http://thawthikho.blogspot.com/

မင်းသုတ – ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေး အစီအစဉ်ပြုလုပ်နေခြင်းမှာ တိုင်းရင်းသားဘာသာစကားများ တဖြေးဖြေးမေးမှိန်ပျောက်ကွယ် သွားစေရန်ရည်ရွယ်နေကြောင်း ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် မိခင်ဘာသာအခြေပြုပညာသင်ကြားရေး MLE ဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောသည်။
တိုင်းရင်သားဘာသာစကားများမှေးမှိန်ရန် မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ပြုလုပ်နေ

“မုဒုံမြို့နယ်ဖက်ကို ကျနော်ရောက်ခဲ့တော့ စာသင်ကျောင်းတွေမှာ ဆရာနဲ့ကျာင်းသားတွေ ဗမာစကားသက်သက်ကိုပဲပြောဆိုခိုင်းနေတယ်၊ ဆရာတွေကလည်းမွန်တွေပဲ၊ ကျောင်းသားတွေကလည်း မွန်ပါပဲ၊ ဒီတော့ဆရာနဲ့ကျောင်းသားဆက်ဆံရေးမှာ မိခင်ဘာသာအသုံးပြုခွင့်မပေးတာက ကောင်းတဲ့အလားအလာတွေမဟုတ်ပါ၊ ခလေးတွေကမိခင်တိုင်းရင်းသားတွေအစား ဗမာစကားပိုပြောလာဖို့ အစီအစဉ်တကျလုပ်နေတာပဲ” ဟု ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဝင်းကရွာအလယ်တန်းကျောင်းရှိ မိခင်ဘာသာအခြေပြုပညာသင်ကြားရေး MLE ဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်စွန်းထွန်းက ဆက်ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ မွန်ပြည်နယ် မုဒုံမြို့၊ ရှမ်ပြည်နယ် တာချီလိတ်မြို့နယ်တို့ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၀၈ -၂၀၀၉ ပညာသင်နှစ်၌စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ – ၂၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့တွင် ထပ်မံတိုးချဲ့စမ်းသပ်ဆောင်ရွက်နေသည်ဟု သိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့ပူးပေါင်း၍ဘာသာစကား ကြွယ်ဝဖွံ့ဖြိုးမှု (LEP) အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းမြို့နယ်ခြောက်မြို့နယ်၌ စမ်းသပ်ဆောင်ရွက်နေလျက်ရှိကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒုတိယဦးစီးမှူးဦးငွေတိုး၏ပြောကြားချက်ကို ယခုအပတ်ထုတ် The Voice Weekly ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။

“မုဒုံမြို့ပေါ်က မူလတန်းကျောင်းတွေမှာပဲ အဲဒီမြန်မာဘာသာစကား ကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ကို ဖေါ်ဆောင်ရင် ထိရောက်နိုင်ပါတယ်၊ ဒါပေမယ့် မွန်ရွာတွေမှာ ဒီလိုအစီအစဉ်နဲ့သင်ကြားနေတာကတော့ အပိုအလုပ်တွေပါပဲ၊ အဲဒီကခလေးတွေအတွက် မလိုတဲ့ဝန်ထုပ်ဝန်ပိုးတွေ ထပ်ပိလာတယ်၊ တိုင်းရင်းသားခလေးတွေအတွက် မူလတန်းပညာရပ်ကို မိခင်ဘာသာနဲ့သင်ကြားတာက အထိရောက်ဆုံးပဲ” ဟု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး (အထက်မြန်မာပြည်) နိုင်ငွေသိန်း (လက်ရှိ-ဥက္ကဌ-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ) က ပြောသည်။

ထို့အပြင် အထက်ပါသင်ကြားမှုအစီအစဉ်သည် တိုင်းရင်းသားခလေးငယ်များအတွက် တွေးခေါ်မှုဥာဏ် Thinking တီထွင်မှုဥာဏ် Creating Thinking ပိုင်းခြားဝေဖန်မှုဥာဏ် Critical Thinking စသည့်ဥာဏ်ရည်တိုးတက်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း နိုင်ငွေသိန်းက သူ၏ပညာရေးဘဝဖြတ်သန်းလာမှုနှင့်ယှဉ်ပြီး သုံးသပ်ပြောခဲ့သည်။

“ကချင်ပြည်နယ်ပညာရေးမှူးဘဝနဲ့ ဝိုင်းမော်မြို့ကိုရောက်ဘူးပါတယ်၊ အဲဒီကခလေးငယ်တွေ ဗမာစကားကိုမပြောတတ်ကြဘူး၊ ကချင်ဘာသာနဲ့စာသင်ရင် စာမေးပွဲအောင်ကြတယ်၊ ဗမာလိုသင်ရင်တော့ စာမေးပွဲမဖြေနိုင်ကြဘူး၊ မိခင်ဘာသာရပ်မဟုတ်ဘူး တခြားဘာသာစကားဖြစ်နေတော့ အကြောင်းအရာတွေကို နားမလည်နိုင်ဘူး၊ အဲဒီမှာသွားလုပ်နေတဲ့ မြန်မာဘာသာစကားကြွယ်ဝဖွံဖြိုးရေးအစီအစဉ်ကလည်း ကချင်တိုင်းရင်းသားတွေအတွက် လုံးဝအကျိုးရှိမှာ မဟုတ်ဘူး” ဟု သူကဆက်ပြောသည်။

ယင်းသင်ကြားမှုအစီအစဉ်များတွင့် မူလတန်းအဆင့်မြန်မာဘာသာစကားတတ်ကျွမ်းမှုအဆင့် သတ်မှတ်ချက်များ၊ ဆရာလက်စွဲ၊ ဆရာလမ်းညွှန်၊ ပုံပြအဘိဓာန်၊ အထောက်အကူပြု ကျောင်းသားကိုင်စာအုပ်နှင့် ပုံပြင်စာအုပ်များဖြင့် ဆရာ၊ ဆရာမများကသင်ကြားနေကြကြောင်း မုဒုံမြို့နယ်မှ မူလတန်းကျောင်းဆရာမတစ်ဦးက ပြောသည်။

တဖက်တွင်လည်း တိုင်းရင်းသားကျောင်းသားခလေးများအတွက် မူလတန်းပညာရေးစနစ်တွင် 3- language (မိခင်ဘာသာ၊ ဗမာစာ၊ အင်္ဂလိပ်စာ) များသင်ကြားသင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး ယခင်လွှတ်တော်အစည်းဝေးတွင် အဆိုပြုတင်သွင်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရသည်ဟု သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဖလုံ-စဝေါ်ပါတီ ဂျာနယ် ထုတ်ဝေတော့မည်

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပါတီရုံးထားရှိသည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် လာမည့် ကရင်နှစ်သစ်ကူးနေ့မှစ၍ “ဖလုံ-စဝေါ်ဂျာနယ်”ကို လစဉ် ထုတ်ဝေသွားရန် စက်တင်ဘာလ ၁၇ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

၎င်းဂျာနယ်ထုတ်ရန် စက်တင်ဘာလ ၁၅ရက်နေ့တွင် ပါတီဝင်များက ပဏာမ ဆွေးနွေးခဲ့ကြသော်လည်း ဂျာနယ်အမည်၊ ထည့် သွင်းဖော်ပြမည့် ဘာသာစကားနှင့် သတင်းအမျိုးအစားများကို စက်တင်ဘာလ ၁၇ရက်နေ့တွင် ပါတီရုံး၌ ထပ်မံ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းပါတီ၏ လူငယ်ဥက္ကဌ စဘီကျင်ဦးက ပြောသည်။

“စာစောင်ကိုတော့ ဖလုံ-စဝေါ်ဂျာနယ်လို့ပဲ ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာ ပိုးကရင်၊ စကောကရင်၊ မြန်မာနှင့် အင်္ဂလိပ် လေးဘာသာနဲ့ ထုတ်ဝေသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို နိုင်ငံရေးသော်လည်းကောင်း၊ ကရင့်အ ကြောင်းအရာနဲ့ နိုင်ငံတကာ ဗဟုသုတတွေ သိရှိဖို့အတွက်ပါ။ တစ်လမှတစ်ကြိမ်ပဲ ထုတ်မှာမို့ သတင်းတွေက update ဖြစ်မှာ တော့ မဟုတ်ဘူး။”ဟု စဘီကျင်ဦးက ကေအိုင်စီကို ပြောသည်။

ဂျာနယ်ဖြစ်မြောက်ရေးအတွက် ဖလုံ-စဝေါ်ပါတီ ခေါင်းဆောင်များက ကြီးကြပ်ရေးကော်မတီအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အယ်ဒီတာချုပ်အဖြစ် စောရှားမောင်ခို့ဒါ(ယှးမါန်ခေါဟ်ဍာ)၊ တွဲဖက် အယ်ဒီတာအဖြစ် နော်ယုဇန၀ါတို့က တာဝန်ယူသွားမည် ဖြစ်သည်။

ဂျာနယ်တွင် ပါဝင်မည့် ကဏ္ဍများမှာ နိုင်ငံရေး၊ လူမှုရေး၊ သတင်းများ၊ ရုပ်ပြောင်ကာတွန်းများ၊ အထွေထွေ ဗဟုသုတများ ဖြစ် ပြီး သတင်း အချက်အလက် စုဆောင်းမည့်သူ ၁၃ဦးရှိသည်ဟု သိရသည်။

ခွင့်ပြုချက်အမှတ် ၂သ-၀၂၈ဖြင့် ထုတ်လုပ်သွားမည့် အဆိုပါဂျာနယ်အတွက် စာမူများကို ယခုလ ၂၂ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၀ရက်နေ့အထိ လက်ခံသွားဖြစ်ပြီး လာမည့် ကရင်နှစ်သစ်ကူးအမှီ စတင် ထုတ်ဝေသွားမည်ဖြစ်သည်။ ၎င်းနောက် လစဉ် အုပ်ရေ ၃ထောင် ထုတ်ဝေသွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပါတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သူက “ဂျာနယ်ကို ကရင်နှစ်သစ်ကူးနေ့အမှီ ထုတ်လုပ်သွားမှာပါ။ ဒီအတွက် ဂျာနယ်ဖြစ်မြောက်ရေး ကော်မတီ၊ နယ်ဆင်း သတင်းထောက်တွေ၊ ပင်တိုင်ဆောင်းပါးရှင်းတွေကို ၁၇ရက်နေ့ အစည်းအဝေးမှာ အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။”ဟု ဆို သည်။

Photo-KIC (စက်တင်ဘာလ ၁၇ရက်နေ့က ဖလုံ-စဝေါ်ပါတီဝင်များ ဆွေးနွေးနေစဉ်)

ဖလုံ-စဝေါ်ပါတီဝင်တစ်ဦးက “အခုချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိနေပါပြီ။ ကျနော်တို့ ဂျာနယ်စည်းကမ်းမှာတော့ ဘာမှမရှိပါဘူး။ နိုင်ငံတော် တည်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံးချက်ကို မထိခိုက်ရင် ရပါပြီ။ ကျန်တာတွေ လွတ်လပ်စွာ ရေးသားနိုင်တယ်။”ဟု ပြောဆိုသည်။

၎င်းဂျာနယ်ဖြစ်မြောက်ရေး အစည်းအဝေးသို့ ကရင်စာပေအသင်းများ၊ ဖလုံပညာတိုးတက်ရေးယူနစ်(PEDU)အဖွဲ့ဝင်များနှင့် စာပေပညာရှင် စုစုပေါင်း ၇၀ကျော် တက်ရောက်ခဲ့ကြသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, September 16, 2011

ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား

ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha သည် နေပြည်တော်သို့ ယမန်နေ့က သွားရောက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င် ထိပ်တန်း ဗိုလ်ချုပ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာအစိုးရ သတင်းစာများတွင် ယနေ့ ရေးသားထားသည်။ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha (ဓာတ်ပုံ - aeon.co.th)

“နှစ်နိုင်ငံ တပ်မတော်များ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် တပ်မတော် နှစ်ရပ် အကြား ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်” ဟု အစိုးရ သတင်းစာက ဆိုသည်။

ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ ဘာသာစကား အပြန်အလှန် သင်ကြားရေး၊ နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန်ရှိကြောင်း ခရီးစဉ် မစတင်မီ ဗိုလ်ချုပ် Prayut Chan O Cha က ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား တွေ့ဆုံမူ ပိုစိတ်လာသည်။

ပြီးခဲ့သည့်လတွင်လည်း မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ကိုယ်စားလှယ်များ ရန်ကုန်တွင် ၂ ရက်ကြာ ဆွေးနွေးခဲ့သေးသည်။

တနင်္လာနေ့ကလည်း နယ်စပ်ဖြတ်ကျော် မှုခင်း နှိမ်နှင်းရေးဌာန တာဝန်ခံ ရဲ ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က

မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ထိုင်းအစိုးရသစ်၏ မူဝါဒ၊ နယ်စပ်ဖြတ်ကျော်မှုခင်း နှိမ်နှင်းရေး ဆိုင်ရာ ညွန်ကြားချက်များအကြာင်းကို နယ်စပ်ဒေသ မဲဆောက်မြို့ အခြေစိုက် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ကျနော်တို့အစိုးရ မှာ မြန်မာလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့တဲ့ မူဝါဒ မရှိဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေသူတွေ လက်နက်မှောင်ခိုတွေကို စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြင်းပြင်း ထန်ထန် အရေးယူသွားမှာဖြစ်တယ်" ဟု ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က ပြောသည်။

အိမ်နီးချင်း မိတ်ဆွေနိုင်ငံ၏ ပြည်တွင်းရေးကို လုံးဝ ၀င်ရောက် စွက်ဖက်မည် မဟုတ်ဟုလည်း သူက ဖြည့်စွက် ပြောကြားသည်။

ဒေသခံ ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံရာတွင် လက်နက်မှောင်ခို နှိမ်နှင်းရေးကို အဓိက ပြောကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများဖြစ်သည့် မော်တော်ယာဉ် ခိုးထုတ်မှု အပါအ၀င် မူးယစ်ဆေးဝါး ပြဿနာများကို အထူး နှိမ်နှင်းသွားရန်လည်း ညွန်ကြားခဲ့သည်ဟု ဆိုသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူးပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်

နန်းဖော့ဂေ (ကေအိုင်စီ)

ထိုင်း ASTV နှင့် Manager online မဂ္ဂဇင်းပါ သတင်းအရ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသူ မူးယစ်တရားခံနှစ်ဦးက မိမိတို့ သည် KNU များဖြစ်သည်ဟု ထွက်ဆိုချက်မှာ မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ ညစ်ညမ်း သည့် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ရှင်းလင်းပြောဆိုလိုက်သည်။

အသက် ၃၀ကျော်အရွယ်ရှိ အဆိုပါ မူးယစ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲ့ကုကျေးရွာအနီးတွင် ကျေးရွာလူကြီးများနှင့် နယ်စပ် ထိုင်းရဲအချို့က စက်တင်ဘာလ ၉ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် “မင်းကြီးမိန်း”တပ်ရင်းမှ KNU အဖွဲ့ဝင်များ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ထုတ်ဖော်ပြောဆိုချက်မှာ မမှန်ကန်ကြောင်းနှင့် KNU တွင် ၎င်းတပ်ရင်း အမည်မရှိ ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ထိုင်းသတင်းဖော်ပြချက်တွေမှာ တရားခံတွေရဲ့ ပြောဆိုချက်တွေက ကေအဲန်ယူကို နာမည်ပျက်အောင် ပြောဆိုတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ကြံမှုတွေပါပဲ။ ကျနော်တို့ ကေအဲန်ယူ ပေါ်လစီအရ မူး ယစ်ဆေးဝါး ထုတ်လုပ်တာ၊ ရောင်းဝယ်တာနဲ့ သုံးစွဲတာတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime against Humanity) လို့ သတ်မှတ်ထားပါတယ်။ ဒီလူတွေဟာ မြန်မာအစိုးရတပ်တွေနဲ့ သူတို့နဲ့ ပူးပေါင်းထားတဲ့ နယ်ခြား စောင့်တပ်တွေရဲ့ လုပ်ရပ်ပါပဲ။”ဟု ကေအိုင်စီကို ပြောဆိုခဲ့သည်။

ထိုင်းရုပ်မြင်သံကြား၊ အွန်လိုင်းမဂ္ဂဇင်းတွင် ၉-မမ တစ်လက်နှင့် ကျည်ဆံများ၊ လက်ကိုင်ဖုန်း ၂လုံး၊ အခြားပေါက်ကွဲပစ္စည်းအ ချို့ အပါအ၀င် စိတ်ကြွဆေး ၁၂ပြားနှင့်အတူ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ၎င်းတရားခံနှစ်ဦးမှာ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဝင်ရောက်လာခြင်းဖြစ်ပြီး အဖမ်းခံရချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းလည်း သတင်းဖော် ပြထားသည်။

KNU က အဆိုပါ မူးယစ်တရားခံနှစ်ဦးမှာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စုံစမ်းသိရှိရ ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) မှေးမှိန်သွားအောင် ကြံစည်လုပ်ဆောင်ခြင်းသာဖြစ်ပြီး ၎င်းမှာ စစ်တပ်နောက်ခံထား သည့် ကြံ့ဖွံ့အစိုးရ ပါဝင်ပတ်သက်သည့် ဆိုးဝါးသော ပူးပေါင်းကြံစည်မှုဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် ပြည်တွင်းစစ် ရေရှည်ဖြစ်အောင် လုပ်ဆောင်နေသည့်အပြင် တိုင်းရင်းသားများအား ရှင်းလင်းခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်မှုဖြင့် ရန်ပုံငွေရှာခြင်း၊ တိုင်းပြည်တွင်းရှိ လူငယ်များကို ပျက်စီးစေခြင်းများကို ယခင် မူဝါဒအတိုင်း ပြုလုပ် လျက်ရှိသည်ဟု KNU က ဆိုသည်။

သို့သော် KNU သည် ၎င်းတို့၏ ပေါ်လစီအရ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းဝယ်မှုကို လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ ၀တ်မှု(Crime against Humanity)အဖြစ် သတ်မှတ်ထားသလို ပြစ်မှုကျူးလွန်သူများကိုလည်း ကြီးလေးသည့် ပြစ်ဒဏ်စီရင် လေ့ရှိကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ဦးသိန်းစိန် အစိုးရအနေဖြင့် သူ၏အပေါင်းပါများက လာဘ်စားမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန်နှင့် ပြည် တွင်းစစ်အဆုံးသတ်ရန် ပြောဆိုနေသော်လည်း ပွင့်လင်းရာသီတွင် ဆောင်ရွက်မည့် ထိုးစစ်အတွက် လိုအပ်သည့် လက်နက် များကို လျှို့ဝှက်စွာ ၀ယ်ယူနေသည်ဟု KNU ၏ ရှင်းလင်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၎င်းမူးယစ်တရားခံနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ထိုင်း-မြန်မာနယ်စပ်နေရာသည် BGF အကြံပေး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ ၀င်ထွက်သွားလာနေသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ၎င်းတို့မှာ မြ၀တီ မြို့နယ်၊ ရွှေကုက္ကိုကျေးရွာမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု နယ်ခြားစောင့်တပ်နှင့် နီးစပ်သူများ၏ အပြောအရ သိရ သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, September 14, 2011

Derek Mitchell တိုင်းရင်းသားပါတီများနှင့် အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးခဲ့

(ကေအိုင်စီ)

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်က ယနေ့ညနေ ယနေ့ ၃နာရီ တွင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထား ဆွေးနွေးခဲ့သည် ဟု သိရသည်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်းက “မစ်ချဲလ်က အမျိုးသားရင်ကြားစေ့ရေးကိစ္စနဲ့ ပတ် သက်ပြီး တိုင်းရင်းသားဘက်က သဘောထားကို မေးမြန်းခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်၊ တင်ပြချက်တွေ မေးမြန်းဆွေးနွေးခဲ့တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်က အမျိုးသား ရင်ကြားစေ့ရေးကိစ္စအတွက် တိုင်းရင်းသားကဏ္ဍသည်လည်း အရေးပါကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ၎င်းချင်းအမျိုးသားပါတီ ဥက္ကဌက ပြောသည်။

ယင်းသို့ တွေ့ဆုံရာတွင် ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည် သူ့ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပါဝင်ခဲ့သည်။

အမေရိကန် အထူးကိုယ်စားလှယ်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် ယခုလို တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုသည် တိုင်းရင်းသားများအတွက် ကောင်းသည့်အရာတစ်ခုဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နေသည့် ဖလုံ-စဝေါ်ပါတီ အတွင်းရေးမှူး ဒေါ်နန်းစေအွာက ပြောသည်။

“ကျမက လွှတ်တော်မှာ ရောက်နေတော့ သူတို့ ဘာတွေဆွေးနွေး ဘာပြောခဲ့ကြလဲဆိုတာ မသိပေမယ့် အခုလို တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံတာဟာ ကောင်းတယ်လို့ပဲ ကျမအနေနဲ့ မြင်တယ်။”ဟု သူမက ပြောဆိုသည်။

မစ္စတာ ဒဲရက်မစ်ချဲလ်က တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းအနေဖြင့် တိုင်းရင်းသားပါတီများထံမှ မိမိသိချင် သည့် သဘောထားနှင့် အကြောင်းအရာများ သိခွင့်ရခဲ့ခြင်းအပေါ် ဝမ်းသာမိသည်ဟု ပြောဆိုခဲ့ကြောင်းလည်း ဦးဇိုဇမ်းက ပြန် လည် ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်က စက်တင်ဘာလ ၉ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအ ဝင် အခြားအစိုးရအရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၁၁ရက်နေ့တွင် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၊ NLD ပါတီက ရန်ကုန် တိုင်း တောင်ဒဂုံတွင် ဖွင့်လှစ်ထားသည့် HIV-AIDS ဂေဟာသို့လည်း သွားရောက်ခဲ့သလို စက်တင်ဘာ ၁၂ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ရက်နေ့တွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး သူ၏ ၅ရက်တာ ခရီးစဉ်မှာ စက်တာဘာလ ၁၄ရက်နေ့မှာ ပြီးဆုံးမည်ဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရစစ်တပ် ရိက္ခာများကို ကေအဲန်ယူ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီး

စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မြစ်တန်းမြို့ ရှေ့တန်းတနေရာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ် ခမရ(၄၃၂)အတွက် တပ်ရိက္ခာများကို သယ်ယူလာသည့် ယာဉ်တစ်စီးပေါ်မှ ရိက္ခာများအား ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့က စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၁)၊ နည်းဗျူဟာ(၃) လက်အောက်ခံ ရှေ့တန်းရှိ ခမရ (၄၃၂)တပ်ရင်း စစ်ကြောင်း(၁)အတွက် ရိက္ခာများကို ထီးထာမှ ဆင်ဖြူဒိုင်သို့ သယ်ဆောင်လာစဉ် ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက အလစ်ငိုက်ဝင်ရောက်ပြီး ကားပေါ်ရှိ တပ်ရိက္ခာမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီလ ၆ရက်နေ့မှာ ခမရ(၄၃၂)၊ စစ်ကြောင်း(၁)အတွက် တပ်ရိက္ခာတွေကို လုပ်အားပေးအဖြစ် သယ်ယူလာတဲ့ ဒေသခံရွာသား ရဲ့ ကားတစီးကို ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်တွေ အလစ်ငိုက် ၀င်ပြီးတော့ ကားပေါ်ကာ ရိက္ခာတွေကို အကုန်လုံး မီး ရှို့ပစ်လိုက်တယ်။ ဆန် ၁၀အိတ်ကျော် ပါတယ်။ နောက်ပြီး ဆီ၊ ဆား၊ နို့ဆီ၊ ပဲ၊ ငရုတ်သီးတွေလည်းပါတယ်။”ဟု ပြောသည်။

ထိုကဲ့သို့ စစ်တပ်၏ ရိက္ခာများကို ကေအဲန်ယူတပ်ဖွဲ့မှ ဖျက်ဆီးခဲ့သော်လည်း စစ်တပ်မှ အဆိုပါကားပိုင်ရှင်အပေါ် အပြစ်ပေး အရေးယူခြင်း တစုံတရာမရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယင်းသို့ တပ်ရိက္ခာများ မီးရှို့ဖျက်ဆီးခံရသဖြင့် မိမိတပ်များအနေဖြင့် နောက်နောင်တွင် အရပ်သားများ၏ ကား၊ ဆိုင်ကယ်၊ စက်လှေတို့ဖြင့် ရိက္ခာနှင့် စစ်သုံးပစ္စည်းများကို အရပ်သားတို့အား သယ်ယူစေခြင်း လုံးဝမပြုလုပ်ကြရန်နှင့် ညွှန်ကြားချက်အ ပေါ် လိုက်နာမှုမရှိပါက စစ်စည်းကမ်းအရ ထိရောက်စွာ အပြစ်ပေးခံရမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာန ချုပ်(ကရခ)မှ ၎င်း၏ရှေ့တန်းတပ်များ အားလုံးကို ညွှန်ကြားလိုက်သည်ဟု စစ်ဖက်ဆိုင်ရာ သတင်းအရ သိရသည်။

အစိုးရစစ်တပ်များ၏ ရိက္ခာများအား မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကေအဲန်ယူ တပ်မဟာ(၄)မှ တာဝန်ရှိသူများအား ကေအိုင်စီမှ ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိခဲ့ပေ။

ထိုဒေသတွင် ယခင်ကလည်း အစိုးရစစ်တပ်၏ စစ်ပစ္စည်းနှင့် ရိက္ခာများအား ကေအဲန်ယူတပ်ဖွဲ့မှ အလားတူ မီးရှို့ဖျက်ဆီးမှု များကို အလျင်းသင့်သလို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, September 9, 2011

အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ၀င်တိုက်

စောခါးစူး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး မြန်မာအစိုးရစစ်တပ်၏ ကားလမ်းဂိတ်စခန်း ၃ခုကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မတော်-DKBA က ယမန်နေ့ ညနေ ၁နာရီကျော်အချိန်တွင် ပြောက်ကျားစနစ်ဖြင့် တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

အစိုးရစစ်တပ် တပ်မ(၁၂)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၃၅၅) အခြေစိုက်လျှက်ရှိသည့် ကော့ကရိတ်မြို့နှင့် တစ်မိုင် ကျော်အကွာရှိ ရန်ကုတ်၊ အောက်ဘိုတဲနှင့် သစ်ခြောက်ပင် အစိုးရဂိတ်စခန်းများကို ကလို့ထူးဘောဌာနချုပ် လက်အောက်ခံ ကလို့ထူးဝါး စစ်ဗျူဟာတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ DKBA မရှိတော့ဘူးလို့ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့အ ပေါ် အစိုးရတပ်တွေကို ကျနော်တို့ ဒီလိုတိုက်ပွဲမျိုး ဆင်လာတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဦးနှစ်ဘက် ၁နာရီခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး DKBA က ၎င်းတို့ဘက်တွင် ထိခိုက်ဒဏ် ရာရမှု မရှိသလို အစိုးရတပ်ဘက်တွင် ထိခိုက်မှု ရှိမရှိကိုမူ မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း DKBA ကလို့ထူးဘောစစ်ဗျူဟာကို စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု DKBA ဘက်မှ ပြော ဆိုခဲ့ပြီးနောက် ယခုတိုက်ပွဲမှာ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း ဖြစ်သည်။

ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး စစ်ဗျူဟာ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂိတ်စခန်း ၃ခုမှာ စခန်းတခု လျင် မြန်မာစစ်တပ်အင်အား ၂၀ နှင့် ၃၀ အကြားတွင် ရှိသည်ဟု DKBA က ပြောသည်။

DKBA ကို ပြန်လည်ဖွဲ့ပြီးသည့်နောက် စက်တင်ဘာလ ၆ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ ကရင်နယ် ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သည် ထိုဒေသတ၀ိုက် လှုပ်ရှားနေသည့် ဗိုလ်မှူးစောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံ သို့ လာရောက်ပူးပေါင်းခဲ့သည်။
ထိုသို့ လာရောက်ပူးပေါင်းသည့် BGF တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ်မှူးမောင်ချစ် ဦးစီး သည့် (၁၀၁၄)တပ်ရင်းမှ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သည်။


ဗိုလ်မှူးကြီးစောကျော်သက် (ယာဘက်)နှင့် သူ၏တပ်မှူး

စက်တင်ဘာလ ၂ရက်နေ့က ဘားအံမြို့အခြေစိုက် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP က DKBA ကို အသိအမှတ် မပြုတော့ကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်ကို DKBA က ငြင်းဆိုခဲ့ပြီး ၎င်း တို့အဖွဲ့ရှိသေးကြောင်း ပြသသည့်အနေဖြင့် BGF နှင့် အစိုးရတပ်အခြေစိုက်ရာ နေရာကို မကြာသေးခင်က ၀င်ရောက်တိုက် ခိုက်ခဲ့ဖူးသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Thursday, September 8, 2011

DKBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ပြီ

စောခါးစူး (ကေအိုင်စီ)

အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး အစီစဉ်ကို လက်မခံနိုင်သည့်အတွက် အစိုးရစစ်တပ်ကို ပြန်လည်တိုက်ခိုက် နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး-DKBAသည် ၎င်း၏ နိုင်ငံရေး၊ စစ်ရေး စွမ်းဆောင်နိုင်မှုများ အား မြှင့်တင်နိုင်အောင် စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု ယနေ့ ထုတ်ဖော်ပြောသည်။

ဩဂုတ်လ ၁၄ရက်နေ့က DKBA သည် ၎င်းတို့ ထိန်းချုပ်နယ်မြေတနေရာတွင် တပ်မှူးညီလာခံတခု ပြုလုပ်ပြီး DKBA ဗဟိုကို ကလို့ထူးဘောဌာနချုပ်ဟု သတ်မှတ်ခေါ်ဝေါ်ကာ ၎င်းအောက်တွင် ကလို့ထူးဝါးနှင့် ကလို့ထူးလား ဟူ၍ စစ်ဗျူဟာနှစ်ခု သတ် မှတ်ဖွဲ့စည်းခဲ့သည်။ ၎င်းအပြင် ကလို့ထူးဘောဌာနချုပ်အောက်တွင် ပြန်ကြားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဆေးဝါးကုသရေး ဌာနများနှင့် ထောက်လှမ်းရေးတပ်ဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့သည်။

DKBA ကလို့ထူးဘောဌာနချုပ်၏ ယာယီပြန်ကြားရေးတာဝန်ခံဖြစ်သူ တပ်မှူးက “နအဖအစိုးရကို စတင် တိုက်ခိုက်တဲ့အချိန် တုန်းက (ဒီကေဘီအေက) စနစ်တကျ သိပ်မရှိသေးဘူး။ နောက်ပိုင်း (အစိုးရ ဖွဲ့ပေးထားတဲ့) နယ်ခြားစောင့်တပ်ကနေ ဗိုလ်ဘိ ဦးဆောင်တဲ့အဖွဲ့က ကျနော်တို့နဲ့ ပြန်ပူးပေါင်းလာပြီးနောက်ပိုင်း အဖွဲ့ကို ခုလို စနစ်တကျဖြစ်အောင် ပြန်ဖွဲ့လိုက်တဲ့သဘော ပါပဲ။”ဟု ပြောသည်။

ယခု ဖွဲ့စည်းပုံအသစ်အရ ကလို့ထူးဝါး စစ်ဗျူဟာကို ဗိုလ်မှူးကြီးစောကျော်သက်က ဦးဆောင်ပြီး ကရင်ပြည်နယ် ကော့က ရိတ်၊ မြ၀တီနှင့် ကျိုက်ဒုံနယ်မြေများကို တာဝန်ယူမည် ဖြစ်သည်။ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသကိုမူ ဗိုလ်မှူးကြီးစောဘိခို့ ဦး ဆောင်သည့် ကလို့ထူးလားဗျူဟာက တာဝန်ယူရန် ဖြစ်သည်။

လောလောဆယ်တွင် KNU နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး နောင်တွင် KNU လက်အောက်၌ ကလို့ထူး ဘော အထူးတပ်မအဖြစ် ပူးပေါင်းသွားနိုင်သည်ဟု အဆိုပါတပ်မှူးက ရှင်းပြသည်။

DKBA သည် KNU နှင့် ပူးတွဲ လှုပ်ရှားပြီးနောက်ပိုင်း နယ်မြေ ပိုင်စိုးနိုင်မှုများလည်း ရှိလာသလို အစိုးရစစ်တပ် လှုပ်ရှားမှုများ အားလည်း နှောက်ယှက်နိုင်ခဲ့သည်ဟု ဆိုသည်။


Photo-KIC (ကရင်တပ်ဖွဲ့ဝင်များ၏ ရေကြောင်းခရီးစဉ်တခု)

DKBA သည် မူရင်းမိခင် အဖွဲ့အစည်း KNU မှ ၁၉၉၄ခုနှစ်တွင် ခွဲထွက်ခဲ့ကာ စစ်အစိုးရနှင့် အပစ်ခတ်စဲရေး ပြုလုပ်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် အစိုးရက ၎င်းအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အစီစဉ်ချမှတ်လာရာ DKBA နာမည်ကို စွန့်လွှတ်ပြီး လက်ခံသွားသူများရှိသော်လည်း လက်မခံနိုင်သူများက DKBA အမည်ကို ဆက်လက်ခံယူကာ ၎င်းနှစ် နိုဝင်ဘာလ တွင် အစိုးရအား ပြန်လည် တိုက်ခိုက်ခဲ့သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ စာပေဟောပြောပွဲ ပြီးစီး

(ကေအိုင်စီ)

မွန်ပြည်နယ်မြို့ မော်လမြိုင်မြို့တွင် ကရင်လူငယ်များ ဦးစီးကာ စက်တင်ဘာလ ၄ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် စာပေဟောပြောပွဲသို့ စာရေးဆရာနှစ်ဦးမှ အပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ အကြောင်းအရာများကို လာရောက်ဟောပြောခဲ့ကြသည်။

၎င်းစာပေဟောပြောပွဲကို မော်လမြိုင်မြို့တွင်းရှိ မဟာမြိုင်လမ်း အဝေးပြေးကားဂိတ်အနီးမှ ရွှေမြင့်မိုရ်ဟိုတယ်ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး စာရေးဆရာကျော်ဝင်းမှ “အပြောင်းအလဲ သုံးမျိုး”နှင့် ဆရာအတ္တကျော်က “အပြောင်းအလဲနှင့် ယနေ့လူငယ်” ခေါင်းစဉ်များ ဖြင့် ရန်ကုန်မှ လာရောက်ဟောပြောခဲ့သည်ဟု တက်ရောက်ခဲ့သူ ဘားအံမြို့မှ ကရင်လူငယ်တစ်ဦးက ပြောသည်။

“ဆရာကျော်ဝင်းက အပြောင်းအလဲသုံးမျိုးကို (projector)ဖြင့် ပြသကာ ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာနိုင်ငံရေး နှိုင်းယှဉ်ရှင်းပြခဲ့ပြီး ပထမ လှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း အကြောင်းများကို ရှုထောင့်အမျိုးမျိုးဖြင့် အကျယ်တ၀င့် ဟောပြောသွားပါတယ်။ ဆရာအတ္တကျော်က တော့ ဒီနေ့လူငယ်တွေမှာ အကျင့်ဆိုးတွေ ပြောင်းလဲပြီး လူကြီးတွေဆီက ရွှေအကျင့်ဆိုးတွေကို မဆက်ခံ၊ မကျင့်ကြံဖို့ ရှင်းပြပြောဆို သွားတယ်။”ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ လူငယ်များနှင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ EQ, EI, EL အကြောင်းတို့ကို နှိုင်းယှဉ်ကာ ဟောပြောသွားခဲ့သည်ဟု သူက ဆိုသည်။

မော်လမြိုင်မြို့ခံ အမျိုသမီးငယ်တဦးက “ကျမတို့တွေအနေနဲ့ ဒီလိုပွဲမျိုး တက်ရောက်ခွင့်ရဖို့ ကြုံခဲလှပါတယ်။ ဒီဟောပြောပွဲမှာ ဗဟုသု တတွေ၊ ပညာတွေ အများကြီး ရပါတယ်။ နိုင်ငံတကာအခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေတွေကို သိရပါတယ်။ လူငယ်တယောက်အ နေနဲ့ ဘယ်လို EQ စိတ် ဘယ်လိုထားရမလဲဆိုတာ သိခွင့်ရခဲ့တယ်။ နောင်လည်း ဒီလိုပွဲမျိုး လုပ်စေချင်ပါသေးတယ်။”ဟု ပြောသည်။

စာပေဟောပြောပွဲကို နံနက်(၉)နာရီခွဲမှ နေ့လည် (၁၂)နာရီခွဲအထိ ပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဟောပြောသည့် အကြောင်းအရာများ အပေါ် တက်ရောက်လာကြသည့် လူငယ်များနှင့် အပြန်အလှန် မေးမြန်းဖြေကြားခြင်းများကို ညနေ (၄)နာရီခွဲအထိ အပြီးသတ် ကျင်းပ နိုင်ခဲ့သည်။


Photo-KIC (စာပေဟောပြောပွဲ တက်ရောက်ခဲ့ကြသူများ)

ဆရာအတ္တကျော်က “ဒီလိုပွဲမျိုး နောက်နောင်အများကြီး ဟောပြောချင်ပါသေးတယ်။ လူငယ်တွေကို အခုလို တွေ့ရတာ ကျနော် အများ ကြီး ၀မ်းသာပါတယ်ဗျာ။”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့က ကျင်းပပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲသို့ မော်လမြိုင်မြို့ခံ လူငယ်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သားများ၊ သံဖြူဇရပ်နှင့် ဘားအံမြို့များမှ ဒေသခံလူငယ်များ စုစုပေါင်း လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, September 7, 2011

ဝီကီလိခ် မှာ ဖတ် လို့  ရတဲ့ မြန် မာပြည်မှာ ပေးစာ များ

http://freedomnewsgroup.com/2011/09/06/wikileals-into-mmleaks/

ဝီကီလိခ် ၀ဘ်ဆိုတ် မှာ ဖတ် လို့  ရ နေ ပြီ ဖြစ် တဲ့ မြန်မာ နိုင်ငံ ဆိုင် ရာ အမေရိ ကန် သံရုံး ကhttp://www.blogger.com/img/blank.gif
ပေးစာ တွေ ကို မြန်မာ ၀ီကီ လိခ် ၀ဘ်ဆိုတ် က ရွေးချယ် ကောက် နှုတ် ဖော် ပြထား ပါတယ်။
ဝီကီလိခ် ၀ဘ်ဆိုတ် ဟာ သူရရှိ ထား တဲ့ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဌာန က ကြေး
နန်း မှတ် တမ်း ပေါင်း နှစ်သိန်း ငါး သောင်း ကျော် ကို တစ်စု တစ်စည်း တည်း ဖတ် ရှု နိုင်
အောင် ထုတ် ပြန် လိုက် တာ ဖြစ်ပါတယ်။

မြန်မာ ၀ီကီ လိခ် အင်တာ နက် စာမျက် ကို သွား ရန် ကလစ် နှိပ်ပါ

ဝီကီလိခ် ၀ဘ် ဆိုတ် က ဖွင့် ချမှု များ အနက် တစ်ခု ဖြစ် သည့် ကရင် အမျိုးသား ခေါင်းဆောင်
(KNU) တစ်ဦး ဖြစ် သည့် ဗုဒ္ဓဘာ သာ ကိုး ကွယ် သူ ဖဒို မန်းရှာလဖန်း ကို သတ် ရန် စေခိုင်း
သူမှာ ယခင် KNU ခေါင်းဆောင် ဟောင်း တစ်ဦး ဖြစ် သည့် ဗိုလ် ချုပ် မြ ၏ သား ဗိုလ်မှုး နယ်
ဒါးမြ က သတ် ခိုင်း သည် ဟု ယခင် ရန်ကုန် ဆေးရုံကြီး ဦးဏှောက် နှင့် အာရုံကြော အထူး
ကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင် မွန်သာက အမေရိကန် သံရုံး အရာ ရှိ များ နှင့် တွေ့ ဆုံ
ရာ တွင် ပြောကြား သည် ဟု ကြေးနန်း ပေါက်ကြား မှု တစ် ခု တွင် ဖော်ပြထား သည်။

မြန်မာ ၀ီကီလိခ် ၀ဘ်ဆိုတ် က ဖဒို မန်း ရှာ အသတ် ခံရခြင်း နှင့် ပတ်သက် ပြီး ၎င်း တို့  ရရှိထား
သည့် သတင်း ပေး ပို့  မှု အီးမေး တစ်ခု ကို အနည်း ငယ် ဖော် ပြ ခဲ့ သော်လည်း နောက် ပိုင်း
တွင် FNG မှ အကြံဥာဏ် ပေး ချက် အရ ဆက်လက် ဖော်ပြ ခြင်း မပြု တော့ ဟု သိရ သည်။

ရန်ကုန် ရှိ အမေရိကန် သံရုံး မှ ၀ါရှင်တန် သို့  ပေး ပို့  သည့် ကြေးနန်း ပေါက်ကြား မှု များ
တွင် မီးပျက်ခြင်း၊ တရား မ၀င် ၀စ်သောက် ကားများ၊ ဟွန်ဒီ ငွေလွှဲ မှ အစ သံရုံး တွင်
နိုင်ငံ ရေး ခိုလှုံ ခွင့် လျှောက် သူ၊ ထောက်ပံ့ကြေး (Grant) တောင်း ခံ သည့် လူပုဂ္ဂိုလ်
နှင့် အဖွဲ့  အစည်း များ အပါ အ၀င်၊ အတိုက် အခံ များ စစ်အုပ် စု ခေါင်းဆောင် များ
မြန်မာ သန်းကြွယ် သူ ဌေး များ နှင့် တိုင်း ရင်း သား လက် နက် ကိုင် အဖွဲ့  အစည်းများ ၏
လှုပ် ရှား မှု များ ကို ပါ ဖော် ပြထား သည်။

ဝီကီလိခ် ၀ဘ်စာမျက် နှာက မြန်မာ ပြည်မှ ပေးစာများ ဖွင့် ချမှု များ ထဲမှာ မြန်မာ ပြည်သူ
များ သိရှိ ရန် အရေး ပါသည့် အချက် များ ကို နေ့ စဉ် ဖော် ပြ သွား မည် ဟု သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

http://www.irrawaddy.org/bur/index.php/news/7235-2011-09-06-09-41-23

ပြန်လာပါပြောတော့လည်းသူတို့ပဲ၊ဖမ်းတော့လည်းသူတို့ပဲ။

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

BGF တပ်ဖွဲ့ဝင် ၃၀ဦး ဒီကေဘီအေနှင့် ပူးပေါင်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ နယ်ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၃၀ဦးသည် ထိုဒေသတ၀ိုက်တွင် လှုပ်ရှားနေ သည့် ဗိုလ်မှူးစောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံသို့ ယနေ့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၇)က ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ဒီနေ့မနက်မှာ ဗိုလ်ဘိဆီကို BGFတပ်ဖွဲ့ဝင် အယောက် ၃၀ မြိုင်ကြီးငူကနေ ဗိုလ်ဘိဆီ ပြန်လာတယ်လို့ သိရတယ်။ လက်နက်အလက် ၃၀ပါတယ်။ လက်နက်အမျိုးအစား တော့ မသိသေးဘူး။ ဗိုလ်စိုးနိုင် လူ ၁၅ယောက်နဲ့ ကျန်တဲ့လူတွေက ဗိုလ်မောင်ချစ်ရဲ့ လူတွေဖြစ်တယ်။”ဟု အတည်ပြု ပြော ကြားသည်။

ဗိုလ်မှူးစိုးနိုင်သည် နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး ဗိုလ်မှူးမောင်ချစ်ကမူ နယ်ခြားစောင့်တပ် (၁၀၁၄)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။

ယင်းသို့ ပြန်လာပူးပေါင်းသူများမှာ အစိုးရစစ်တပ်၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ဆက်လက်၍ တာဝန် ထမ်းဆောင်လိုစိတ် မရှိသောကြောင့် ယခုလို ဒီကေဘီအေတပ်ဖွဲ့နှင့် ပြန်လာပူးပေါင်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။

အင်အား ၁,၀၀၀ကျော်ရှိ ဗိုလ်မှူးစောဘိ ဦးစီးသည့် DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက နယ်ခြားစောင့်တပ်မှ ခွဲထွက် ကာ ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့နှင့် ပူးပေါင်း၍ အစိုးရကို ပြန်လည်ခုခံတော်လှန်ပြီး ယခုအချိန်တွင် KNU တပ်မဟာ(၁)နှင့် (၅)၊ (၇)တွင် လှုပ်ရှားလျှက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေ

စောခါးစူး (ကေအိုင်စီ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေသည့် ရေနံနှင့် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းကြောင့် ဒေသခံများအား အတင်းအဓမ္မ အလုပ်ခိုင်းစေမှု၊ မြေယာသိမ်းမှုနှင့် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှု စသည့် လူ့အ ခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေသည်ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(SGM)အဖွဲ့က ပြောကြားလိုက်သည်။

၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် ယခုအခါ လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်တိုးချဲ့ လုပ်ကိုင်လာသည်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမို များပြားလာသည်ဟု SGM အဖွဲ့၏ ပြောခွင့်ရသူ ဒေါ်ဖြိုးဖြိုးက ကေအိုင်စီကို ပြောသည်။

ထို့အပြင် လယ်မြေအသိမ်းခံရမှုများလည်း ဖြစ်ပေါ်လာသဖြင့် ဒေသခံများ စီးပွားရေး ကြပ်တည်းလာရသည်ဟုလည်း ပြောဆို သည်။ လောလောဆယ် ရခိုင်ပြည်နယ် မဒေးကျွန်းတွင် လယ်ယာမြေဧက ၅၀၀နှင့် ကျောက်ဖြူမြို့နယ်တွင် လယ်ယာမြေဧက ၂၀၀ အသိမ်းခံထားရသည်ဟု SGM က ပြောသည်။

ကီလိုမီတာ ၂,၈၀၀ ၀န်းကျင် ရှည်လျားမည့် ထိုရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှတဆင့် ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ပိုက်လိုင်း ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ်တွင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်ဦးရေ ၆ထောင်ကျော်နှင့် အစိုးရကို ဆန့်ကျင်သည့် ကချင်နှင့် ရှမ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဦးရေ ၁သောင်းကျော် ရှိသည်ဟု SGM အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီလိုမျိုး စစ်တပ်တွေ ချထားတော့ ဒေသခံတွေဟာ စစ်တပ်ရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ခံနေရတယ်။”ဟု ဒေါ်ဖြိုးဖြိုးက ပြော သည်။

ထို့အပြင် စီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမျိုးသမီးများသည် ရပိုင်ခွင့်များ ဆုံးရှုံးနေပြီး ၎င်းတို့၏လုပ်အားခမှာ အမျိုး သားများ လုပ်အားခ၏ ထက်ဝက်သာ ရှိသည်ဟုလည်း SGM က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) အပါအ၀င် တောင်ကိုရီး ယား Dawoo International ကုမ္ပဏီ၊ အိန္ဒိယ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ ပူးတွဲ လုပ်ကိုင်လျှက်ရှိသည်။


Photo-KIC (ရွှေဂစ်ပိုက်လိုင်း စီမံကိန်းအကြောင်း ဒေါ်ဖြိုးဖြိုးမှ ရှင်းလင်းပြောကြားစဉ်)

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့အပြင် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့မှ ရေနံတင်သင်္ဘောများဖြင့် သယ်ဆောင်လာမည့် ရေနံများကိုလည်း မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ယခု တည်ဆောက်နေသည့် ပိုက်လိုင်းမှတ ဆင့် တင်ပို့မည်ဖြစ်သည်။

၎င်းပိုက်လိုင်းစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် အပြီးဖောက်လုပ်ရန်ရှိသည်။ ထိုပိုက်လိုင်းမှတဆင့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံ သို့ တင်ပို့ရောင်းချမည်ဖြစ်ပြီး နှစ် ၃၀ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၉ဘီလီယံခန့်ကို မြန်မာအစိုးရက အကျိုးခံစားခွင့် ရရှိ မည်ဟု SGM အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရသတင်းစာ ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ်

(ကေအိုင်စီ)

ငြိမ်းချမ်းရေး လိုလားသည့် ကေအိုင်အေ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်လိုလားသူ ကေအိုင်အေခေါင်းဆောင်များအကြား ပဋိပက္ခ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာဖော်ပြချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ငြင်းပယ်လိုက်သည်။

ထိုအချင်းချင်း ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး ကေအိုင်အေ ခေါင်းဆောင်တစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ပါရှိသည်။

သတင်းစာပါအရ စက်တင်ဘာလ ၁ရက်နေ့က ကေအိုင်အေတပ်ဖွဲ့၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေး တစ်ရပ်၌ ထိုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားမှုအပေါ် မဟုတ်မမှန်ကြောင်း KIA ပြောရေးဆိုခွင့်ရ ဦးလနန်က ငြင်း ပယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းက “သတင်းစာက ဖော်ပြချက်တွေကို ကြည့်ခြင်းအားဖြင့် လုပ်ကြံပြီး ပြောထားတယ်ဆိုတာ သိသာပါတယ်။ တခုမှလည်း မမှန် ကန်ဘူး။”ဟု ဆိုသည်။ ထို့အပြင် သတင်းစာပါ ဖော်ပြချက်များသည် အစိုးရက ရည်ရွယ်ချက်ရှိရှိဖြင့် ကချင်အချင်းချင်း တိုက်ခိုက် စေချင်သည့် သဘောပင်ဖြစ်ကြောင်း ဦးလနန်က ထပ်မံ ပြောဆိုသည်။

ဆွေးနွေးပွဲတွင် ကေအိုင်အေအဖွဲ့မှ စစ်ဦးစီးချုပ် ဂန်ရှောင်၊ ဒုတိယ ဦးစီးချုပ် ဂွမ်မော်၊ တပ်မဟာမှူး၊ တပ်ရင်းမှူးများနှင့် စစ်မှုထမ်း ဟောင်းများ တက်ရောက်ခဲ့ကြကြောင်းလည်း အစိုးရသတင်းစာတွင် ဖော်ပြပါရှိသည်။

သြဂုတ်လ ၂၇ရက်နေ့တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ကေအိုင်အေက ပြုလုပ်သည့် လူထုဆန္ဒသဘောထား ဖော်ထုတ်သည့် အခမ်းအနားမှ ပြည်သူများ စစ်ရေးနည်းကို ရှောင်ရှားပြီး အစိုးရနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းရန် လိုလားနေသည့်ကြားမှ ယခုလို အချင်း ချင်း ပစ်ခတ်နေကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကေအိုင်အေအနေဖြင့် သြဂုတ်လ ၂၇ရက်နေ့မှ ၂၉ရက်နေ့ထိ လိုင်ဇာမြို့တွင် လူထုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ကျေးရွာအတွင်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ရှိနေ ကြောင်းလည်း ဖော်ပြခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၁၉၉၄ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် အစိုးရတပ်နှင့် ပြန်လည် ပစ်ခတ်ခဲ့ကြသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရစစ်တပ်မှ နွားများ ပစ်သတ်ပြီး ရွာတွင်း ၀င်ရောက် ရမ်းကား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ရွာတရွာအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့ က အစိုးရစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နွား ၄ကောင် ထိခိုက်သေဆုံးသည့်အပြင် ရွာသားများ၏ နေအိမ် များကိုလည်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့က စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၅)လက်အောက်ခံ ခမရ(၅၄၃)တပ်ရင်းနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုအပြီး စစ်တပ်ဘက်က ဘုရားသုံးဆူမြို့နယ်ခွဲရှိ ကျောက်ဂူကျေးရွာအတွင်းသို့ ၆၀-မမ လက်နက်ကြီးဖြင့် အချက် ၄၀ ပစ်ခတ်ခဲ့ခြင်းကို ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ရွာသားတွေက အိမ်အောက်မှာရှိတဲ့ ကတုတ်ကျင်းထဲကို အကုန်လုံး ၀င်ပုန်းသွားတယ်။ စစ်တပ်က လက်နက်ကြီးအ လုံး ၄၀တိတိ လိုက်ပစ်တော့ ရွာထဲမှာ ၁၃လုံးကျတယ်။ ရွာပြင်မှာ ၂၇လုံးကျတယ်။ ရွာမှာ နွားထီး ၂ကောင်သေတယ်။ နွားမ ၂ကောင် ဒဏ်ရာရတယ်။ အဲလိုပစ်ခတ်ပြီးတော့ စစ်တပ်က ရွာထဲကို ၀င်လာပြီး အိမ်တွေလိုက်ရမ်းပစ်တယ်။ ကတုတ်ကျင်းမှာ ပုန်းနေတဲ့ ရွာသားတယောက်ရဲ့ အကျီင်္အိတ်ထဲက ထိုင်းဘတ်ငွေ ၁,၀၀၀လည်း လုယူလိုက်တယ်။”ဟု ပြောသည်။

တပ်ဖွဲ့ဝင်ဦးရေ ၁၀၀ကျော်ရှိ ခမရ ၅၄၃တပ်ရင်းသည် ဘုရားသုံးဆူဒေသတွင် တပ်အင်အား လာရောက်ဖြည့်ဆည်းရန် တက် လာရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ခွဲ(၂)နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) (၉၀၂)တပ်ရင်း ပူးပေါင်းတပ်တို့အကြား ကျောက်ဂူနှင့် သက်ကယ်ကျေးရွာကြား တွင် မိနစ် ၂၀နီးပါး ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ဒီကေဘီအေ (၉၀၇)မှ စစ်ကြောင်းမှူး ဗိုလ်ကြီးစောအေ၀မ်းက “အင်အား ၂၀ကျော်ပါတဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ ခမရ (၅၄၃)တို့ ကျောက်ဂူမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အစိုးရစစ်တပ်မှ ၂ဦးဒဏ်ရာ အပြင်းအထန်ရတယ်။ ကျနော်တို့ဘက် က ထိတာ မရှိဘူး။ အခုလည်း အဲဒီစစ်တပ်က တာတိန်ရွာမှာပဲ ရှိသေးတယ်။”ဟု ပြောသည်။

ထို့အပြင် ယနေ့ မွန်းလွဲ ၂နာရီကျော်တွင် အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၆၆)တပ်ရင်းကို အဆိုပါ ကရင်ပူး ပေါင်းတပ်ဖွဲ့ဝင်များက ဘုရားသုံးဆူမြို့နယ်ခွဲရှိ မြိုင်သာယာနှင့် အပလုံရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ယခုအချိန်ထိ နှစ် ဘက် ထိခိုက်သေဆုံးမှု မသိရသေးကြောင်း ဗိုလ်ကြီးစောအေ၀မ်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ရက်နေ့ကလည်း အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၆၆)တပ်ရင်းအား ကရင်ပူးပေါင်း တပ်ဖွဲ့တို့က ကျောက်ဂူကျေးရွာအနီးတွင် ၀င်ရောက်ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

စက်တင်ဘာလ ၃ရက်နေ့ထုတ် အစိုးရသတင်းစာတွင် နယ်ခြားစောင့်ဖွဲ့စည်းပြီးနောက် ဒီကေဘီအေအဖွဲ့အစည်းဟူ၍ မရှိ တော့ကြောင်း အငြိမ်းစားယူခဲ့သည့် ဒီကေဘီအေတပ်မှူးဟောင်းများနှင့် ဖွဲ့စည်းထားသော ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၏ သဘောထား ဖော်ပြချက်ကို တုံ့ပြန်သက်သေပြသည့်အနေဖြင့် ယခုလို တိုက် ပွဲအရှိန်မြှင့်လာရခြင်းဖြစ်သည်ဟု ဒီကေဘီအေဘက်က ထုတ်ဖော်ပြောဆိုသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, September 6, 2011

မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဖက်သေဆုံးမှုရှိ

http://www.burmese.monnews.org/?p=3083

မင်းသုတ- ကရင်ပြည်နယ်တွင်လှုပ်ရှားနေသော မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့ ယမန်နေ့ညပိုင်းတွင် ဖားအံမြို့နယ်၊ ခရားအတွင်းရွာအနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

မွန်ခွဲထွက်အဖွဲ့မှနှစ်ဦးနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့မှတစ်ဦး သေဆုံးခဲ့ပြီး မွန်ခွဲထွက်သေနတ် ၃ လက်ကို ကရင်နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိကြောင်း နယ်စပ်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

“မွန်ခွဲထွက်အဖွဲ့ဆိုတာ တလောက ခရစ်ရွာပြန်ပေးဆွဲတဲ့အဖွဲ့က ၃ ယောက်အဖွဲ့ပေါ့၊ နှစ်ယောက်သေတာ နာမည်အတိအကျရအောင်စုံစမ်းနေတုန်းပဲ” ဟု သူကဆက်ပြောသည်။

အဆိုပါ ၃ ယောက်အဖွဲ့မှာ လက်နက်ချနိုင်ရှောင်ဦးစီးသော မွန်လက်နက်ကိုင်အောင်ချမ်းအဖွဲ့မှ ခွဲထွက်လာသည့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင်တို့ဖြစ်ကြပြီး ကော့ကရိတ်မြို့နယ်၊ ခရစ်ကျေးရွာတဝိုက်တွင်လှုပ်ရှားလျှက်ရှိရာ လွန်ခဲ့သည့်သြဂုတ်လ ၂၄ ရက်နေ့တွင် ပဲ့ချိပ်လှေမောင်းသမားအနိုင်(အသက်-၃၆ နှစ်)နှင့် နိုင်ကွန်းစော့(အသက်-၄၀ နှစ်) နှစ်ဦးတို့ကို ပြန်ပေးဆွဲ၍ငွေကျပ်သိန်း ၁၅၀ တောင်းခံခဲ့သူများဖြစ်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အထက်ပါနှစ်ဖက်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးခဲ့သည်ကို မိမိတို့လည်းကြားသိခဲ့ရကြောင်း မြဝတီနယ်စပ်သို့ရောက်ရှိနေသူ နိုင်ကွန်းစော့က အတည်ပြုပြောကြားခဲ့ပြီး မည်သူမည်ဝါသေဆုံးခဲ့သည်ကို ဆက်လက်စုံစမ်းနေသည်ဟုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်သစ်ပါတီဝင်ဟောင်း ကွယ်လွန်သူဗိုလ်ချုပ်အောင်နိုင်သည် ယခင်စစ်အစိုးရနှင့်အပေးအယူပြုလုပ်ပြီး အင်အားအချို့စုစည်းကာမွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။

ယမန်နှစ်တွင် မွန်ဗိုလ်ချုပ်ဟောင်းအောင်နိုင်ကွယ်လွန်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှတပ်မှူးဟောင်း နိုင်ရှောင်က မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဆက်လက်ဦးစီးပြီး ၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့များတွင် စစ်အစိုးရထံနှစ်ကြိမ်တိတိ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကို မြန်မာအစိုးရသတင်းများတွင် အသားပေးဖေါ်ပြခဲ့သည်။

ခေါင်းဆောင်နိုင်ရှောင် ဦးစီးသောအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လှုပ်ရှားလျှက်ရှိပြီး လက်ထောက်ဖြစ်သူ အောင်ချမ်းနှင့် အဖွဲ့ဝင် ၂၀ ဦးတို့မှာ မြန်မာစစ်တပ်အစီအစဉ်ဖြင့် မွန်လူမျိုးအများစုနေထိုင်ကြသော ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ယက္ခရွာနှင့် ကော့ကရိတ်မြို့နယ် ကော့ပေါက်ရွာတွင်အခြေပြုလျှက်ရှိရာ ဝင်ငွေမလောက်မငသဖြင့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင် (၃) ဦးတို့ လက်နက်များယူဆောင်က ကော့ကရိတ်မြို့နယ်တွင် ပြန်ပေးဆွဲခဲ့မှုပြုလုပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဖုန်းဖြင့်ပြောကြားခဲ့သည်။

အလားတူ မုဒုံမြို့နယ်နှင့် ဘုရားသုံးဆူဒေသတို့တွင်လည်း အမည်မသိလက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲမှုများနှင့် ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

“ဒီကေဘီအေ” တပ် အင်အား ထောင်ချီ လှုပ်ရှားနေဆဲ

http://www.burmese.monnews.org/?p=3107

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA) သည် အင်အားထောင်နှင့်ချီပြီး ရပ်တည်လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ဒီကေဘီအေ၏ ကလိုထူးဘော စစ်ဌာနချုပ် ပြန်ကြားရေးတာဝန်ခံက ယနေ့ ပြောဆိုလိုက်သည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က ဒီကေဘီအေအား နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အညီ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးဖြစ်သဖြင့် DKBA ဟူ၍ မရှိတော့ကြောင်း စက်တင်ဘာ ၂ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ခြင်းအပေါ် ဒီကေဘီအေက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပြန်ကြားရေးတာဝန်ခံက “ဒီကေဘီအေတပ်ဖွဲ့က အင်အား သုံးထောင်ဝန်းကျင်နဲ့ ရပ်တည်နေဆဲဖြစ်တယ်၊ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်သည့်တပ်ဖွဲ့နဲ့ ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့ မြိုင်ကြီးငူတပ်ဖွဲ့တွေ အင်အား အဓိက ရှိတယ်”ဟု ပြောသည်။

မြန်မာအစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံသော ဒီကေဘီအေတပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်းတပ်များသည် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြိုင်ကြီးငူဒေသရှိ လှိုင်းဘွဲ့နှင့် ဖားအံခွင်တလျှောက်မှာ ကေအဲန်ယူတပ်များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။

ယင်းဒီကေဘီအေတပ်ဖွဲ့များသည် တဖက်တွင် စစ်ရေးအရ ကေအဲန်ယူနှင့် ပူးပေါင်းပြီး အစိုးရတပ်ကို တိုက်ခိုက်နေသလို နိုင်ငံရေးအပိုင်းမှာလည်း ကေအဲန်ယူနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်သွားလိုသည်ဟု ဆိုသည်။

ဒီကေဘီအေသည် ကေအဲန်ယူအဖွဲ့မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်အစိုးရ၏ အစီစဉ်အရ ဒီကေဘီအေတပ်ဖွဲ့အများအပြား နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းခဲ့သည်။

သို့ရာတွင် ထိုသို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရခြင်းကို လက်မခံသည့် ဗိုလ်မှူကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့်တပ်များက ဒီကေဘီအေနာမည် ဆက်လက် ခံယူပြီး စစ်ရေးအရ လှုပ်ရှားနေခြင်းဖြစ်သည်။

ဒီကေဘီအေ မရှိတော့ကြောင်း အစိုးရပိုင် သတင်းစာမှ ကြေညာသည့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲခဲ့ပြီး နောက်ပိုင်း ဒီကေဘီအေမှ ထွက်လာသည့် အရာရှိ စစ်သည်ဟောင်းများဖြင့် နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည်။

၎င်းပါတီတွင် ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေနှင့် အတွင်းရေးမှူး စောသန်းမြတို့ဖြင့် ဦးဆောင်နေပြီး၊ လက်ရှိ ကရင်ပြည်နယ်၏ စီးပွားရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်ဟု ကေအိုင်စီသတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဝီကီလိခ် ဖေါ်ပြချက် ဖဒိုမန်းရှာ မိသားစု လက်မခံ

http://www.rfa.org/burmese/news/wikileak-09052011195853.html

၂၀၀၈-ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံမှုမှာ လက်ရှိ KNU ဗိုလ်မှူး နာဒါမြလည်း ပါဝင်တယ်ဆိုတဲ့ ၀ီကီလိခ် ရဲ့ဖော်ထုတ်ချက်ကို ဖဒိုမန်းရှာ ရဲ့ မိသားစုဝင်တွေက လက်မခံ ပယ်ချလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မှတ်တမ်းတွေကို ဖွင့်ချနေတဲ့ ၀ီကီလီခ် သတင်းတွေထဲမှာ KNU ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်သူတွေထဲမှာ ကွယ်လွန်သူ KNU ဥက္ကဌကြီး စောဗိုလ်မြ ရဲ့သား ဗိုလ်မှူး နာဒါမြ လည်း ပါဝင်ကြောင်း ကောလဟာလ သတင်း ထွက်နေတယ်လို့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိ တဦးကို ကိုးကားပြီး ဒေါက်တာ စောဆိုင်မွန်သာ က အမေရိကန် သံရုံးကို ပြောဆိုခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ် အခုအခါ အင်္ဂလန်နိုင်ငံမှာ မြန်မာအရေး ဆောင်ရွက်နေတဲ့ Burma Campaign ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ မဇိုရာဖန်းက အခုလို ပြောပါတယ်။

" ဒေါက်တာ စောဆိုင်မွန်သာ ဘာရည်ရွယ်ချက်နဲ့ ပြောဆိုသလဲ ဆိုတာတော့ ကျမတို့ မသိရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျမတို့ ကရင် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံး ညီညွတ်မှု ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်၊ ကရင် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲအောင် အာဏာရှင်က နည်းမျိုးစုံနဲ့ လုပ်နေခဲ့တာပါ၊ အခုလို သက်သေ အထောက်အထား မရှိတဲ့ ကောလဟာလကို ကျမတို့ဘက်က လက်မခံနိုင်ပါဘူး။"

မြန်မာ စစ်အစိုးရဟာ KNU နဲ့ တွေ့ ဆုံ ဆွေးနွေးရေး အတွက် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာကို ကြားလူ အနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

သန်း​ရွှေ အလွန် (၂)

http://burmese.dvb.no/archives/15128

ပြီး​ခဲ့​တဲ့​မတ်လ ၃၀ ရက်​နေ့​မှာ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ မြန်မာ့​တပ်မ​တော်ရဲ့​ အမြင့်​ဆုံး​ဖြစ်တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာပါပြီ။ သူဟာ ၁၀ ဦး​မြောက် ကာကွယ်​ရေး​ ဦး​စီး​ချုပ်ပါ။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ တရား​ဝင် ရာထူး​လွှဲ​ပြောင်း​ပေး​ပြီး​ ​နောက်ပိုင်း​မှာ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်မှာ အဖွဲ့​အစည်း​ပိုင်း​ကို သိသာမြင်သာတဲ့​ အ​ပြောင်း​အလဲ​တွေ စတင်လုပ်​ဆောင်​နေပြီလို့​ ပြည်တွင်း​ပြည်ပ စစ်​ရေး​အကဲခပ်​တွေက သုံး​သပ်ကြပါတယ်။

မြန်မာ့​တပ်မ​တော် ဖွဲ့​စည်း​ပုံစနစ်​တွေ ​ပြောင်း​လဲလာပုံကို ​လေ့​လာသူ​တွေရဲ့​ သုံး​သပ်ချက်​တွေနဲ့​ တင်ပြပါ့​မယ်။

ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်တုန်း​က ရပ်နား​ထား​တဲ့​ တနိုင်ငံနဲ့​တနိုင်ငံ တပ်မ​တော်အချင်း​ချင်း​ ​လေ့​ကျင့်​ရေး​သင်တန်း​တွေကို ​စေလွှတ်တာ​တွေ ပြန်လည် စတင်လာပြီး​ စစ်ဆင်​ရေး​အတွက် အ​ရေး​ကြီး​တဲ့​ ဌာနအဖွဲ့​အစည်း​တချို့​ကိုလည်း​ ဖျက်သိမ်း​နေတယ်လို့​ သိရပါတယ်။

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်အကြီး​အကဲ ဖြစ်လာပြီး​ မကြာခင်မှာပဲ ကစထ (စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​) ရာထူး​တွေ၊​ အ​ရေး​ကြီး​တဲ့​ စစ်တိုင်း​မှူး​တွေကို ထုတ်ပစ်တာ​တွေ၊​ ​နေရာအ​ပြောင်း​လဲတာ​တွေ လုပ်လာပါတယ်။

စစ်ရုံး​က ထိပ်ပိုင်း​ဗိုလ်ချုပ်​တွေကိုလည်း​ လာဘ်​ပေး​လာဘ်ယူမှု​တွေနဲ့​ ပတ်သက်ပြီး​ ​ခေါ်ယူစစ်​ဆေး​ ​မေး​မြန်း​နေတယ်လို့​လည်း​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။

ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်​နောက်ပိုင်း​ တပ်မ​တော်ရဲ့​ ဖွဲ့​စည်း​ပုံနဲ့​ နည်း​စနစ် များ​များ​စား​စား​ ​ပြောင်း​လဲမသွား​ဘဲ စစ်ဆင်​ရေး​အထူး​အဖွဲ့​တွေပဲ ​ပြောင်း​လဲသွား​တယ်လို့​ ထိုင်း​-မြန်မာနယ်စပ်က စစ်​ရေး​အကဲခတ် ဦး​ကျော်ကိုက သုံး​သပ်​ပြောကြား​ပါတယ်။

“ဖွဲ့​စည်း​မှု ပုံသဏ္ဌာန်က​တော့​ အများ​ကြီး​ ​ပြောင်း​တာ​တော့​ မ​တွေ့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ရဲ့​ စနစ်ပိုင်း​မှာ​တော့​ ​တော်​တော်​လေး​ကို ​ပြောင်း​သွား​ပုံရတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အရင်တုန်း​က​တော့​ ဗိုလ်ချုပ်သန်း​ရွှေတို့​ စသည်ဖြင့်​ ဒီလိုထိပ်ပိုင်း​ တဦး​နှစ်ဦး​လောက်မှာ အာဏာတည်ထား​ပြီး​တော့​ ​တော်​တော်များ​များ​ကို ဆုံး​ဖြတ်လုပ်ကိုင်​နေမှုက​နေ အခု​တော့​ သူတို့​ တစုံတရာ လွှဲသွား​တယ်။ ဒါမှမဟုတ် ​နောက်ဆုတ်သွား​တာ​ပေါ့​။ ဒီလို အသစ်ပြန်တက်လာတဲ့​ စစ်​ခေါင်း​ဆောင် အသစ်​တွေ ကြား​ထဲမှာ​တော့​ အုပ်ချုပ်မှုပိုင်း​ဆိုင်ရာ​တွေမှာ မနိုင်နင်း​မှုနဲ့​ အား​လုံး​ကို ထိန်း​ချုပ်ကိုင်တွယ်နိုင်မှု​ပေါ့​။ ဒီအပိုင်း​မှာ​တော့​ ကျ​နော်ထင်တယ် ပြဿာနာ ရှိနိုင်မယ် ထင်တယ်။ စုဖွဲ့​မှုက​တော့​ အများ​ကြီး​ မသိသာ​ပေမယ့်​ ကစထ ပိုင်း​မှာ​တော့​ တစုံတရာ အ​ပြောင်း​အလဲ ရှိမယ်လို့​ နှိုင်း​ကြည့်​နိုင်တယ် ထင်တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အခုဆိုရင် ကစထမှူး​က ​လော​လောဆယ် သတင်း​ထွက်​ပေါ်လာမှု အ​ခြေအ​နေ​တွေကို အတည်ပြုမယ်ဆိုရင် ၂ ​ယောက်​လောက်ပဲ ကျန်​တော့​မယ်။ အဲဒါဆို​တော့​ ဟိုး​အရင်​ခေတ်တုန်း​ကလိုပဲ ကစထ​တွေကို တခုနှစ်ခု​လောက်ပဲ ထား​တော့​မယ်။ ကျန်တဲ့​ဟာ​တွေကို ပြန်ပြီး​တော့​ အစား​မထိုး​တော့​ဘဲနဲ့​ ဒီအတိုင်း​ထား​မယ်​ပေါ့​။ ဒါမျိုး​လည်း​ ဖြစ်နိုင်တယ်။ အုပ်ချုပ်​ရေး​နဲ့​ စစ်​ရေး​ပိုင်း​တွေမှာ ဟန်ချက်ညီ ထိန်း​သိမ်း​နိုင်ဖို့​ အတွက် ပထမဦး​ဆုံး​ စုဖွဲ့​မှုပုံစံရဲ့​ အ​ပြောင်း​အလဲ တခုလို့​ မှတ်ယူမယ်ဆိုရင် ရနိုင်မယ် ထင်တယ်။”

ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​အ​ကြောင်း​ကို အကျဉ်း​ချုံး​ ​ပြောပြလိုပါတယ်။ ‘ကစထ’မှူး​လို့​ လူသိများ​တဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​ ဆိုတာကို မြန်မာဆိုရှယ်လစ်လမ်း​စဉ်ပါတီ​ခေတ် ဦး​နေဝင်း​ လက်ထက် ၁၉၇၉ ခုနှစ်မှာ စတင်ဖွဲ့​စည်း​ပါတယ်။ အဓိက ရည်ရွယ်ချက်က​တော့​ စစ်တိုင်း​မှူး​တွေကို ကြီး​ကြပ်ကွပ်ကဲဖို့​နဲ့​ စစ်ဆင်​ရေး​တွေမှာ ဦး​ဆောင်ညွန်ကြား​ဖို့​ ရည်ရွယ်ဖွဲ့​စည်း​ခဲ့​တာပါ။

စစ်တပ်က မြန်မာနိုင်ငံကို အထက်ပိုင်း​နဲ့​ ​အောက်ပိုင်း​ဆိုပြီး​ နှစ်ပိုင်း​ခွဲထား​ပါတယ်။ ပထမဦး​ဆုံး​ မြန်မာနိုင်ငံအထက်ပိုင်း​ ကစထအဖွဲ့​ ၁ မှူး​က​တော့​ မြန်မာတပ်မ​တော်မှာ နပိုလီယံလို့​ လူသိများ​တဲ့​ အငြိမ်း​စား​ ဒုတိယ ဗိုလ်ချုပ်ကြီး​ထွန်း​ရီ ဖြစ်ပြီး​ မြန်မာနိုင်​အောက်ပိုင်း​ ကစထအဖွဲ့​ ၂ မှူး​က​တော့​ အငြိမ်း​စား​ ဗိုလ်ချုပ်တင်စိန် ဖြစ်ပါတယ်။

၁၉၈၈ စစ်တပ်က အာဏာသိမ်း​အပြီး​မှာ ‘ကစထ’အဖွဲ့​တွေကို ဖျက်သိမ်း​လိုက်ပြီး​ စစ်ဆင်​ရေး​ဖြစ်​နေတဲ့​ ​ဒေသ​တွေကိုပဲ မူတည်ပြီး​တော့​ စစ်ဆင်​ရေး​ အထူး​အဖွဲ့​မှူး​ဆိုပြီး​ ခန့်​အပ်ပါတယ်။

၂၀၀၁ ခုနှစ်က​နေ ၂၀၀၈ ခုနှစ်အထိ စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​ ၄ ​နေရာက​နေ ၆ ​နေရာအထိ တိုး​ချဲ့​ဖွဲ့​စည်း​လာပါတယ်။ ‘ကစထ’မှူး​လို့​ လူသိများ​တဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​မှူး​ဆိုတာ စစ်ဆင်​ရေး​တွေကို ဦး​ဆောင်ရတာဖြစ်ပြီး​ တိုင်း​မှူး​ထက် တဆင့်​မြင်ပါတယ်။ စစ်ဆင်​ရေး​တွေသာမက နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ကိစ္စ​တွေကိုလည်း​ ဦး​စီး​ကွပ်ကဲညွှန်ကြား​သူ ဖြစ်ပါတယ်။

စစ်​ရေး​အကဲခတ်​တွေက​တော့​ နဂိုရှိပြီး​သား​ ‘ကစထ’မှူး​ ၆ ​နေရာက​နေ ၂ ​နေရာအထိ လျှာ့​ချလိုက်တဲ့​အတွက် မြန်မာစစ်တပ်မှာ ဖွဲ့​စည်း​ပုံအရ ​ပြောင်း​လဲတာလို့​လည်း​ ​ပြောကြပါတယ်။

‘ကစထ’မှူး​ ​နေရာ​တွေကို ဖြုတ်ပစ်လိုက်​ပေမယ့်​ ‘ကစထ’မှူး​တာဝန် ယူခဲ့​ဖူး​တဲ့​ ဒုတိယဗိုလ်ချုပ်ကြီး​တွေကို​တော့​ ဘာတာဝန်သစ်​တွေကို ​ပေး​ထား​သလဲဆိုတာ သတင်း​တွေမှာ ​ပေါ်ထွက်လာခြင်း​ မရှိ​သေး​ပါဘူး​။

တကယ်​တော့​ အာဏာရှင်​ဟောင်း​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက်မှာ ဒီလိုရာထူး​တွေကို တိုး​ချဲ့​ဖွဲ့​စည်း​ထား​ပြီး​တော့​မှ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လက်ထက်မှာ ‘ကစထ’မှူး​တွေနဲ့​ စစ်တိုင်း​မှူး​တွေ အများ​ဆုံး​ ​နေရာ​ရွှေ့​ပြောင်း​ ဖယ်ရှား​လိုက်တာနဲ့​ပတ်သက်လို့​ တပ်မ​တော်​ထောက်လှမ်း​ရေး​ အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က သုံး​သပ်​ပြောကြား​ပါတယ်။

“ထူး​ခြား​တာက​တော့​ အား​လုံး​သိတဲ့​အတိုင်း​ပဲ​လေ။ ဘာလို့​ တိုင်း​မှူး​တွေနဲ့​ တိုင်း​မှူး​အဆင့်​ ကစထမှူး​ အဆင့်​တွေကို ဖြုတ်ပစ်ကြလဲ ဆိုတာ ဒါ တပ်မ​တော်မှာ ​တော်​တော်ရှား​ပါတယ်။ ဘာပဲဖြစ်ဖြစ် ​တော်​တော်လည်း​ များ​တယ်။ ဗိုလ်ချုပ် ထွန်း​ကြည်တို့​၊​ ဗိုလ်ချုပ်​ကျော်ဘတို့​ ပြုတ်တဲ့​အချိန်က သူက စစ်တပ်ထဲမှာ မဟုတ်​တော့​ဘူး​၊​ ဆိုတာက ဝန်ကြီး​ကာလမှာ သူက ပြုတ်ကျတာ။ အခုဒါ စစ်တပ်ထဲမှာ တိုင်း​မှူး​အဆင့်​တွေ၊​ ကစထမှူး​ အဆင့်​တွေ၊​ လက်ရှိ ယူနီ​ဖောင်း​ဝတ်ထား​ပြီး​တော့​ လက်ရှိ စစ်တပ်မှာ လုပ်ကိုင်​နေတဲ့​သူ​တွေ ပြုတ်တာက ဒီတကြိမ်က​တော့​ အများ​ဆုံး​ပဲ။ အခုလက်ရှိ ဖြစ်တဲ့​သူ​တွေ အား​လုံး​ဟာ ကျ​နော်တို့​ထက် ငယ်တာ များ​ပါတယ်။ ၂၂ အပတ်စဉ်တို့​၊​ ၂၃ အပတ်စဉ်တို့​က ဖြစ်တာ ပိုများ​တာ​ပေါ့​။ အ​တွေး​အ​ခေါ်ပိုင်း​ပေါ့​။ ကျ​နော်တို့​ငယ်ငယ်တုန်း​ အ​တွေး​အ​ခေါ်ပိုင်း​ကတည်း​က ကျ​နော်တို့​အချင်း​ချင်း​က သင်တန်း​တွေ ကျန်တဲ့​ ​နေရာ​တွေမှာ ဆိုရင် အမြဲတမ်း​ ​ဝေဖန်တတ်ပါတယ်။ ဒီစနစ်ရဲ့​ မ​ကောင်း​တာ​တွေ၊​ ဒီအ​ခြေအ​နေအရ မလှုပ်ရဲတာ​တွေ ကျ​နော်တို့​ ရှိကြတာကိုး​။ ၉၃-၉၄ ​လောက် ကျ​နော်တို့​ စစ်ရုံး​မှာ ရှိကတည်း​ကိုက ကျ​နော်တို့​ သူငယ်ချင်း​တွေ ​ကောက်ချက်ချတယ်​လေ။ ဗိုလ်ချုပ်ကြီး​သန်း​ရွှေသာ ဦး​စီး​ချုပ် ဖြစ်လာမယ်၊​ တိုင်း​ပြည်​ခေါင်း​ဆောင် ဖြစ်လာမယ်ဆိုရင် တပ်ပျက်ပြီ၊​ တိုင်း​ပြည်လည်း​ ပျက်ပြီလို့​ ကျ​နော်တို့​ ​ပြောကြပါတယ်။”

မြန်မာတပ်မ​တော်မှာ အခုလို ‘ကစထ’မှူး​တွေ၊​ တိုင်း​မှူး​တွေကို အစုအပြုံလိုက် ​နေရာ​ရွှေ့​ပြောင်း​ဖယ်ရှား​တာမျိုး​ဟာ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လက်ထက်မှာပဲ ဖြစ်လာခဲ့​တာပါ။ ‘ကစထ’မှူး​တွေနဲ့​ တိုင်း​မှူး​တွေ အ​ပြောင်း​အလဲ ဖြစ်တာဟာ ဒီပုဂ္ဂိုလ်​တွေရဲ့​ အမိန့်​မနာခံမှုနဲ့​ လာဘ်​ပေး​လာဘ်ယူ မှု​တွေ​ကြောင့်​ ဖြစ်ရတာလို့​လည်း​ ​ပြောဆို​ဝေဖန်တာ​တွေ ရှိပါတယ်။

မြန်မာ့​တပ်မ​တော်ဟာ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်တုန်း​ကနဲ့​ ကွား​ခြား​တာ​တွေ ရှိ​နေပြီလို့​လည်း​ စစ်​ရေး​လေ့​လာသူ​တွေက သုံး​သပ်ကြပါတယ်။

‘ကစထ’မှူး​ ၆ ​နေရာက​နေ ၂ ​နေရာထိ ပြန်​လျှော့​ချထား​တာ​ကြောင့်​ တပ်မ​တော်မှာ အုပ်ချုပ်မှု မနိုင်နင်း​တာ​တွေ၊​ ထိန်း​ချုပ်မှု လစ်ဟာတာ​တွေ ဖြစ်လာနိုင်တယ်လို့​ သုံး​သပ်သူ​တွေလည်း​ ရှိပါတယ်။ တပ်တွင်း​ ​ပြောင်း​လဲမှု​တွေ​ကြောင့်​ လက်ရှိတပ်မှူး​တွေထဲမှာ သံသယ​တွေ ပိုများ​နေတယ်လို့​ စစ်​ရေး​အကဲခတ် ဦး​ကျော်ကိုက သုံး​သပ်ပါတယ်။

“​လော​လောဆယ်က​တော့​ ​ကောင်း​တဲ့​ဘက်ကို​တော့​ အများ​ကြီး​ မမြင်နိုင်​သေး​ဘူး​ပေါ့​ဗျာ။ ​လော​လောဆယ် တပ်ထဲမှာ အ​ပြောင်း​အလဲ ဖြစ်လာတဲ့​ အ​ပေါ်မှာ​တော့​ လူ​တွေက ​ဝေဖန်ချက် နည်း​နည်း​ ရှိနိုင်တယ်။ ​နောက် လက်ရှိ တာဝန်ထမ်း​ဆောင်​နေတဲ့​ တပ်မှူး​တွေ၊​ စစ်​ခေါင်း​ဆောင်​တွေ ကြား​ထဲမှာလည်း​ သို့​လောသို့​လော သံသယစိတ်​တွေက ပိုများ​လာနိုင်မယ် ထင်တယ်။ ဘာဖြစ်လို့​လဲ ဆို​တော့​ ဒီအ​ရေး​ယူမှု​တွေ၊​ စစ်​ဆေး​မှု​တွေကို ​တောက်​လျှောက် ဒီဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် တာဝန်ယူပြီး​နောက်ပိုင်း​ စပြီး​ ထွက်​ပေါ်လာတာ​ပေါ့​နော်။ ​လော​လောဆယ် တပ်ပိုင်း​နဲ့​ မတည်ငြိမ်မှု ပြန်​ပြောမယ်ဆိုရင် မ​ကောင်း​တဲ့​ဘက်က ပိုများ​နေတာ​ပေါ့​။”

မြန်မာတပ်မ​တော်တွင်း​ ​ပြောင်း​လဲမှု​တွေဟာ တိုင်း​ပြည်အတွက် နိုင်ငံ​ရေး​အရ အ​ကောင်း​ဘက်ကို ဦး​တည်​နေတာမဟုတ်ဘဲ တပ်ထဲက မတည်ငြိမ်မှု​တွေက​တော့​ အတွင်း​ပဋိပက္ခဆီကို ဦး​တည်​နေတယ်လို့​ သုံး​သပ်သူ​တွေလည်း​ ရှိပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်ထဲမှာ ပြုပြင်​ပြောင်း​လဲ​နေသလို တပ်တွင်း​စည်း​ကမ်း​ပိုင်း​နဲ့​ အဂတိ လိုက်စား​မှုကိစ္စ​တွေကိုလည်း​ ​သေ​သေချာချာ ကိုင်တွဲမယ်လို့​လည်း​ ပြည်ပ​ရောက် တပ်မ​တော်အရာရှိ​ဟောင်း​တွေက သုံး​သပ်ကြပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မိုးကြီးကာ ရေတိုက်စား၍ ကရင်နီဒုက္ခသည်စခန်းတွင် အိမ်များပျက်စီး

စောခါးစူး (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်အတွင်းရှိ ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်း၌ မိုးသည်းထန်ပြီး ရေတိုက် စားမှုကြောင့် မဲ့စရင်းချောင်း ကမ်းနံဘေးရှိ ဒုက္ခသည်နေအိမ် ၄လုံး စက်တင်ဘာလ ၃ရက်နေ့က ပျက်စီးသွားခဲ့သည်။

“မိုးက ကြီးတဲ့အခါကျတော့ မြစ်ကမ်းပါးပေါ်ကနေ စီးဆင်းလာတဲ့ ရေဟာ တဖြည်းဖြည်းတိုက်စားပြီး မြေက ကြာကြာ မခံနိုင်ဘဲ ပြို တော့ အိမ်ပါသွားတာပဲ။”ဟု အမှတ်(၂) ဒုက္ခသည်စခန်း ရုံးအုပ်ဖြစ်သူ ဦးစံလှက ကေအိုင်စီကို ပြောသည်။

အဆိုပါ ရေတိုက်စားမှုတွင် အိမ် ၁လုံး ချောင်းထဲ မျောပါသွားပြီး ၃လုံးမှာ ပြိုကျပျက်စီးသွားသည်။ အိမ်များပြိုကျခဲ့သော်လည်း လူ အသေအပျောက် မရှိသော်လည်း ရေထဲမျောသွားသည့် အိမ်ထဲတွင်မူ ထိုင်းဘတ်ငွေ ၆ထောင်ကျော် ပါသွားသည်ဟု အဆိုပါစခန်း တွင်း နေထိုင်သူ ကိုအောင်ထူးက ပြောသည်။

“ဒီစခန်းက အိမ်တွေဟာ မဲစရင်းချောင်း နံဘေးမှာရှိတော့ မိုးရွာရင် အန္တရာယ် ရှိတယ်။ အခုလို မိုးရွာရင် အမြဲ သတိထားရ တယ်။”ဟု သူက ရှင်းပြသည်။

အိမ်ပျက်စီးသွားသည့် ဒုက္ခသည်များသည် ယခုအခါ စခန်းအတွင်းရှိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေထိုင်ကြပြီး စခန်းတာဝန်ရှိသူ များက ၎င်းတို့ကို လိုအပ်သည့် အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ အ၀တ်အထည်နှင့် စားနပ်ရိက္ခာများကို ကူညီပေးသည်။

ပြီးခဲ့သည့် ၂၀၀၂ခုနှစ်ကလည်း အဆိုပါစခန်း၌ပင် မိုးရွာသွန်း၍ ရေတိုက်စားကာ အလယ်တန်း စာသင်ကျောင်းတကျောင်း မဲ့စရင်း ချောင်းထဲ မျောပါသွားခဲ့ဖူးသည်ဟု ရုံးအုပ်ဖြစ်သူ ဦးစံလှက ပြောသည်။

ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းသည် မဲ့စရင်းမြို့မှ ကီလိုမီတာ ၁၄၀ကွာဝေးပြီး ဒုက္ခသည်ဦးရေ ၃ထောင်ကျော်ရှိသည်။ ကရင် နီလူမျိုးအများဆုံး နေထိုင်ပြီး ကရင်လူမျိုး အနည်းငယ် ရောနှော နေထိုင်လျက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ နှစ်ရုံတည်ဆောက်မည်

(ကေအိုင်စီ)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပါနော့ကျေးရွာအနီး ထုံးကျောက်တောင်များအနီးတွင် ဘိလပ်မြေစက်ရုံ နှစ်ရုံ တည် ဆောက်သွားမည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

အမှတ်(၁) စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ တန် ၁,၀၀၀ကျ ဘိလပ်မြေစက်ရုံများအတွက် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ် သည့် ပီအေစီလင့်ခ် ထရိတ်ဒင်းကုမ္မဏီနှင့် ဂျွန်ကုမ္ပဏီတို့ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစက်ရုံများ တည်ဆောက်ခွင့်ရ သည့် ကုမ္ပဏီနှစ်ခုက ထိုဒေသရှိ မြေနေရာများကို ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်နေကြသည်ဟုလည်း ပါရှိသည်။

သို့သော် စက်ရုံတည်ဆောက်မည့် ဧရိယာတဝိုက်မှ စီမံကိန်းတွင် ပါသွားသည့် လယ်ယာမြေများအတွက်မူ ကုမ္ပဏီမှ ထိုက် သင့်သည့် လျော်ကြေးကို အနည်းအကျဉ်းသာ ပေးဆောင်ကြောင်း ဒေသခံများက ပြောပြကြောင်း မွန်လူ့အခွင့်အရေးဖောင် ဒေးရှင်းက ပြောသည်။

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ တာဝန်ခံ နိုင်အွန်းမွန်က “သိရသလောက်ကတော့ လျော်ကြေးသဘောနဲ့ မြေတဧကကို ၃သိန်းခွဲနဲ့ပဲ ပေးတယ်၊ အဲဒါတောင် အားလုံး ရကြတာ မဟုတ်ဘူး အခုကာလတန်ဖိုးနဲ့ တွက်ကြည့်ရင် ဒေသခံတွေ အများကြီး နစ်နာမှုရှိတယ်။”ဟု ပြောသည်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် ဒေသတဝိုက်တွင် ဒေသခံတို့၏ လယ်မြေဧက ၈၀၀ ဝန်းကျင် ပါဝင်နေကြောင်းလည်း သူ က ဆက်ပြောသည်။

လက်ရှိတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ ရွှေတောင်၊ G-4၊ အေးရှားဝါးလ်၊ Jade Land၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်းလင်းအင်တာနေရှင်နယ်၊ မြန်မာကောင်းတုံ၊ မြန်မာ နိုင်၊ YIG၊ ရှမ်းရိုးမအင်မိုင်း၊ မင်းအနောရထာ၊ ငွေရည်ပုလဲ၊ ထွန်းသွင်မိုင်းနင်း၊ သံတော်မြတ်၊ ပီစီလင့်ခ် စသည့် ပုဂ္ဂလိက ကုမ္ပ ဏီများ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံ စုစုပေါင်း ၁၄ရုံရှိပြီး ပုဂ္ဂလိကပိုင်မှ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ၊ ရွှေတောင်နှင့် G-4 ကုမ္ပဏီတို့သာ စတင် ဆောင်ရွက်နေကြသည်။

မြန်မာပြည်တွင်း လိုအပ်နေသည့် ဘိလပ်မြေကို ပြည်ပမှ အဓိက ဝယ်ယူတင်သွင်းနေရပြီး အထူးသဖြင့် ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းလျက်ရှိသည်။ အစိုးရစက်ရုံများမှ ဆောင်ရွက်နေခြင်းအပြင် ပုဂ္ဂလိကကဏ္ဍမှလည်း ဘိလပ်မြေစက်ရုံများ လုပ်ကိုင် ခွင့်ပြုခဲ့ရာ ကုန်ကြမ်းရရှိ နိုင်မည့် ထုံးကျောက်တောင်များရှိရာ ဒေသများနှင့် စက်ရုံလည်ပတ်နိုင်ရန် ကျောက်မီးသွေး ရရှိနိုင် သည့် ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးအစပ်နှင့် မွန်ပြည်နယ်တို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု အစိုးရသတင်းစာထဲတွင် ဖော်ပြထားသည်။

ထိုစီမံကိန်းကို ယခင်က ဇေကမ္ဘာကုမ္ပဏီမှ တည်ဆောက်သွားရန် လာရောက်တိုင်းတာမှုပြုခဲ့ပြီး ယခုမှသာ ပီအေစီလင့်ခ် ထရိတ်ဒင်းကုမ္ပဏီနှင့် ဂျွန်ကုမ္ပဏီတို့ကို တည်ဆောက်ခွင့်ပြုခဲ့သည်။ သို့သော် ဇေကမ္ဘာကုမ္ပဏီလည်း စီမံကိန်းရှယ်ယာတွင် တစိတ်တပိုင်း ပါဝင်နိုင်ကြောင်း သုံးသပ်နေကြသူများလည်း ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရွှေတူးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အနောက်ဘက်ရှိ မယ်ကလယ့်လော်ချောင်း၊ မယ်တိုးချောင်း၊ မဲဝယ်ချောင်းနှင့် ဘောလော ချောင်းများအတွင်း မြန်မာပြည်ရှိ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု များပြားသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က စက်တင်ဘာလ ၂ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။


၂၀၀၉ခုနှစ်မှစ၍ ယခုအချိန်ထိ တူးဖော်နေဆဲဖြစ်သည့် ၎င်းရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ယခင် သဘာဝ သစ်တောများမှာ ကွင်းပြင်ကြီးများ ဖြစ်ကုန်သည့်အပြင် လယ်ယာမြေများနှင့် ချောင်းရေများ ပျက်စီးကုန်သဖြင့် ရွာသားများ၊ တိရိစ္ဆာန်များအ တွက် သောက်ရေ၊ သုံးရေ ခက်ခဲကာ သေကြေပျက်စီးရသည်အထိ ဖြစ်နေကြောင်း KHRG ပြောရေးဆိုခွင့်ရှိသူ စောအဲလ် ဘတ်က ပြောသည်။

သူက “ပျက်စီးမှုကတော့ ဧကပေါင်း မရေတွက်နိုင်လောက်အောင်ပဲ။ တောတစ်ခုလုံး ကွင်းပြင်ကြီး အကုန်လုံးဖြစ်သွားတာ။ ချောင်းရေကတော့ အကုန်လုံး ရေနှောက်ကုန်တော့ ဘယ်သူမှ မသောက်ရဲကြတော့ဘဲ ရေတွင်းတူးပြီးတော့ သောက်ရေ၊ သုံး ရေ ယူသုံးရတယ်။ တချို့တိရိစ္ဆာန်တွေက ညစ်ပတ်နေတဲ့ ချောင်းရေကိုသောက်လို့ သေသွားသလို ငါးတွေလည်း အကုန်သေ တယ်။”ဟု ပြောသည်။

၎င်းရွှေတူးဖော်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ အောက်တိုဘာလတွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော်(DKBA) တပ်မဟာ(၃၃၃)၊ (၆၆၆)၊ (၉၉၉)မှ တပ်ဖွဲ့ဝင်များနှင့် ရွှေကုမ္ပဏီတချို့သည် ရွှေတူးဖော်ရေးလုပ်ငန်းများ ၀င် ရောက်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ရွှေဖူး၊ ရွှေရတနာ၊ ရောင်နီဦး၊ ရွှေမြနန္ဒာ၊ ထီးဖြူရှင် စသည့် ရွှေကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၉ခုမှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)ထံမှ ခွင့်ပြုချက်ယူကာ ယနေ့အချိန်ထိ ရွှေ ဆက်လက် တူး ဖော်နေကြောင်း KHRG က ပြောဆိုသည်။

ရွှေတူးဖော်သည့် အခြေအနေနှင့် ပတ်သက်၍ KNU တပ်မဟာ(၅)မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေ ကြားမည့်သူ မရှိပေ။

ထိုဒေသတွင် ယခင် ရွှေတူးဖော်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များက ၎င်းတို့၏ လုံခြုံရေးအတွက် ရွှေတူးဖော်သည့် နေရာပတ် လည်တွင် မြေမြှုပ်မိုင်းများစွာ ထောင်ထားခဲ့ပြီး ယခုအချိန်ထိ ပြန်လည် ဖော်ထုတ်ရှင်းလင်းခြင်း မရှိသေးသည့်အတွက် ဒေသခံ ရွာသားများမှာ လုပ်ငန်းခွင်သို့ မသွားရဲကြကြောင်း KHRG က ပြောသည်။

၂၀၁၀ခုနှစ်၊ သြဂုတ်လက မဲ့ကလယ်ချောင်းရှိ ရွှေတူးဖော်ရေးတွင်လည်း DKBA မိုင်းများကြောင့် ဒေသခံများ ဥယျာဉ်ခြံများသို့ သွားလာလုပ်ကိုင်ရန် ခက်ခဲကာ ကွီးဒေးလော၊ ၀ါ့သိုးကလားနှင့် မယ်တဲကျေးရွာများမှ ရွာသား ၃၀၀ကျော်မှာ နေရပ်စွန့်ခွာခဲ့ရ သလို (မလေးလယ်)ကျေးရွာအုပ်စုရှိ ရွာသားပိုင် လယ်ဧက ၄၀၀မှ လယ်ကွင်း ၈၅ကွင်းမှာ ပျက်စီးသွားခဲ့ရသည်။

၎င်းရွှေတူးဖော်ရာနယ်မြေသည် ကရင်ပြည်နယ် ဖာပွန်အနောက်စူးစူးရှိ ၀င်းမောင်းကျေးနယ်အတွင်း၌ဖြစ်ပြီး မွန်ပြည်နယ်၊ ဘီး လင်းမြို့နယ်နှင့် နယ်မြေနီးစပ်ကာ ရွှေတူးသည့် ချောင်းသွယ်များမှာ ဘီးလင်းချောင်းအတွင်းသို့ စီးဝင်သွားခြင်း ဖြစ်သည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံရွာသားများ ပိုင်ဆိုင်သော မြေကွက်၊ ယာမြေများ ဆုံးရှုံးသည့်အတွက် လာ မည့်နှစ်တွင် စားနပ်ရိက္ခာ ပြဿနာများနှင့် ကြုံတွေ့နိုင်သည်ဟု KHRG က ပြောသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, September 5, 2011

UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ

http://www.irrawaddy.org/bur/index.php/news/7225-uwsa

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့် လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။


ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။

သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့် မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။

အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။

UWSA သည် ငွေကြေး အကူအညီကို တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းဒေသ၌ တည်ရှိပြီး မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။ တပ်သား အင်အား သုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး စစ်ရေးအင်အားတောင့်တင်းလာခြင်းကို မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

UWSA သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။

ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။

မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။

နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....