၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Tuesday, July 19, 2011

အစိုးရတပ် ကချင်ဒေသတွင် အကျများ

http://www.irrawaddymedia.com/bur/index.php/news/6868-2011-07-18-11-49-20


ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။

KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။

KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။

အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

0 comments:

Post a Comment