၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, January 7, 2013

ကရင့်တော်လှန်ရေးစိတ်ဝမ်းကွဲမှု

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်....... 

out4 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

၂၀၁၀ ခုနှစ် မြန်မာအစိုးရသစ်

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်....... 

out3 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဖဆပလ အစိုးရနှင့် ပြန်ထောင်စု

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်....... 

out2 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစဉ်အဆက်အုပ်ချုပ်ခဲ့သည့်မြန်မာအစိုးရ

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်....... 

out1 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, December 29, 2012

၂၇၅၂ ခုနှစ် ပြာသိုလဆန်း (၁) ရက် ကရင်နှစ်သစ်ကူး

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်.......

scan0003_001 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

တော်လှန်ရေးသတိ

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်.......

scan0006 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

အပစ်အခတ်ရပ်တွေ့ဆုံကြ

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်.......

scan0005 -

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကရင်အမျိုးသားအလံတော်

ကဗျာကိုကရင်လိုရေးသားပြီး ဗမာဘာဖြင့်ပြန်လည်ရှင်းပြထားပေးပါတယ် 

ကဗျာရေးပြီးပို့စ်တင်ခွင့်ပေးတဲ့ အဖူး လူသော ကိုကျေးဇူးတင်ပါတယ်.......

Poem -

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, July 9, 2011

တတိယဘုံမှအပြန်

တတိယဘုံမှအပြန်
(လင်္ကာဒီပ)

ဒို့အရေး ဒို့အရေးတွေအော်
ကြွေးကြော်ခဲ့တယ် လမ်းမထက်မှာ
“စစ်အာဏာရှင်ချုပ်ငြိမ်းရေး”တဲ့
ဟုတ်ပါပြီ အမောင်
“ဒီတောင်ကို မောင်ဖြိုမယ်”ဆို
ပြည်သူကို ကတိတွေ အထွေထွေ
ပေးခဲ့လေတယ် မဟုတ်လား။

မညီမျှမှုတွေ အထွေထွေက
လောကငရဲ အကြပ်အတည်းကြောင့်
စွဲစွဲမြဲမြဲ ဝုန်းကနဲဝုန်းကနဲ
သဲသဲမဲမဲတောက်လောင်
ကောက်ရိုးတောင်မီးတောင်လို
ဟိုတချိန်တုန်းက အသင်
“သခွပ်ပင်က မီးတကျီကျီ” ပြခဲ့ဖူးတယ်လေ။

လိုရာပြည့်စုံ တတိယဘုံမှာ
တခါက အတူမက်ခဲ့ကြ
ဒီမိုကရေစီ ပြည်ထောင်စုအရေး
တစက်လေးမှ မကြားရတော့ပါလား အမောင်
အတောင်ပံလဲ ခြံရံခွဲရက်
ဇတ်ပျက်ခွပ်ဒေါင်းကြီး ဖြစ်နေပါရော့လား။

တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်
သင့်လူထု သင့်လူမျိုးရေး
သင်ပေးခဲ့တဲ့ ကတိတွေနဲ့
လျှောက်ခဲ့တဲ့လမ်းတွေ
ပန်းတွေမခင်းတဲ့လမ်းဆိုး
အမျိုးကို အရမ်းချစ်ပါတယ်ဆို။

ဇိမ်ခံအိမ် ဇိမ်ခံကား
သင်စံစားနေချိန်မှာ
ငါတို့မှာ ငတ်တလှည့် ပြတ်တလှည့်
လုပ်လက်စ အလုပ်တွေကို
အသက်ကိုပဓာနမထား
အားလုံးတွက်ရည်စူး
စိတ်ကိုထူးခတ်လုပ်ဆောင်နေတုန်းပါ အမောင်။

အကူညီ တစိတ်တဆံ
အသံဗလံတစွန်းတစ
သင်မဟတော့ဘူးလား အမောင်
ရွှေတောင်ပံကို သင့်ကိုသင်
စီရင်ရိုက်ချိုးလိုက်ပြီလား
လည်စင်းခံလိုက်ပြီလားကွာ
ရင်နာနာနဲ့ ငါမေးချင်လျက်
ဇာတ်ပျက်ကရင် အဖြစ်မခံပါနဲ့တော့ အမောင်။

ဘယ်ခုံမှာထိုင်ထိုင်
ဘယ်နိုင်ငံ ဘယ်ဘုံမှာနေနေ
လူတွေမှာ အရေးကြီးတာလေး
ပေးခဲ့တဲ့ ကတိသစ္စာ
သင့်မှာ ကိုယ်စီတာဝန်တွေရှိကြတာမို့
ပြန်လာလက်တွဲ ခရီးဆုံးလျှောက်လှမ်းလိုက်ကြပါစို့။ ။

ဧပြီလ ၂၁၊ ၂၀၁၁။
http://www.sawkyawkhwi.com/

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, June 27, 2011

ကာရန်မဲ့မဲ့

ကဗျာမဆန်နိုင်ခဲ့တဲ့
အကျဉ်းတန်လမ်းလေးထက်ဝယ် ….

နက်ဖန်ဆိုဘယ်ကိုပြေးရမှန်း
မနက်စာကို ဘယ်လိုတွေးရမှန်း
အိပ်ရာခင်းဆိုတာ ပင်ရင်းက ရွက်ကြွေတွေပဲကွယ်

ပွင့်လင်းရာသီ - ရောက်ပြီဆိုတာနဲ့
မိစ္ဆာ ရာသီ . စပြီသူငယ်ချင်း ….

ပေါ်တာနဲ့ လုပ်အားပေး - ကြိုက်တာသာရွေးတော့
ကိုယ့်လုပ်စာကိုယ်မစားရ- ပြန်ကြည့်ရင် ဆားတိုင်ဖြစ်မှာမို့
အမောဆို့လည်း မတတ်နိုင်ဘူးသူငယ်ချင်း …..

အိမ်ကြက်ချင်းခွပ်ခိုင်း
ဇိမ်နဲ့ ဒင်းတို့ဝိုင်းလောင်းတယ်
သေကုန်အောင်ခွပ်ကြ
ရှင်ကျန်ရင် ဒင်းတို့ ရှင်းမယ်တဲ့
ပြတိုက်မှာပဲ ထားတော့မယ်တဲ့သူငယ်ချင်းရေ

သူငယ်ချင်း
မင်းလည်းအဝေးမှာ
မျက်နှာရပါ့မလားကွယ်

သူ့ပြည်သူ့မြေ သူ့ဌာနေမှာ
သူ့အခွင့်အရေး ရရှိဖို့ဝေးနေရင်တော့
သူငယ်ချင်းအတွက်လည်း
ငါ့ရဲ့သက်ပြင်းရှည်တွေ ဥသြဆွဲနေမှာပဲလေ….။

သူငယ်ချင်း
ပန်းခင်းလမ်းဆိုတာ
စာအုပ်ထဲမှာပဲနော်
ငါတို့တွေလျှောက်တဲ့လမ်းဟာ
ကြမ်းတမ်းတာမှန်ပေမဲ့
ပရမ်းပတာမဖြစ်ဖို့သတိထားစို့နော်
လမ်းထိပ်ရောက်ရင် အော်ခေါ်ကြမယ်လေ ………။

စောတူလဲမူး
(၁၃-၆-၂၀၁၁) နံနက် (၁း၃၆) နာရီ
World Refugee day အမှတ်တရ ရင်ခုန်သံ

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, June 17, 2011

ကန္တာရ ခြင်္သေ့များသို့

ကန္တာရ ခြင်္သေ့များသို့
(လင်္ကာဒီပ)

ပူပြင်းလွန်းတဲ့ နွေခေါင်ခေါင်
ဒီမောင်တွေအသဲကလည်း
ကျောက်ခဲကျောက်တောင်တွေလို
အလွန်ကို မာကျောလှပါဘိတော့
မလျော့သောဇွဲများနဲ့
ချစ်တဲ့ပြည်သူများအရေး
ကိုးဒီသွေးတွေ ပေးဆပ်နေလိုက်ကြတာ
ကန္တာရ ခြင်္သေ့မင်းများလိုပေါ့။

ပြည်သူပြည်သားအရေးများ
တစ်ပြားသားမှ မလျော့မယ့်မောင်
တောင်နံရံ ထောင်နံရံကို ထိုးသွင်းရင်း
ပစ်ခွင်းတော့မယ့် မိုးကြိုးသွားနှယ်
တကယ်ပဲ မြင့်မြတ်လှပါသည်လေ။

တူညီရွေးချယ်သဘောထား
ပြတ်သားသံန္နိဌာန်တွေလည်း
ရဲရင့်ရဲတင်းလှပါဘိ
ကတိတွေလည်း မဖောက်မယ့်အမောင်
ရွှေတောင်ပံမာန်ဟုန်ပြင်း
သိကြားမင်းနတ် စစ်သည်တွေအလား
ဓားတောင်တွေကြား လေးစားထိုက်သူတွေမို့။

ကိုးဒီသွေးတို့ရေ
မြက်မစားသီဟတွေနေတဲ့
ကျုပ်ချစ်တဲ့ ကော်သူးလေကမ္ဘာမှာ
ကန္တာရမီးပင်လယ်
ဘယ်လောက်ပင် ကျယ်ဝန်းနေစေ
ဒီမြေဒီရေ ဒီလေ
ငြိမ်းချမ်းရေးတွေဝေစေရေး
သံလွင်ရေတွေ ဘယ်မခမ်းသရွေ့
တနေ့တလံ ကြိုးစားအရောက်သွားကြစို့ကွယ်
ဘယ်သောင်ဘယ်ကမ်းဘယ်လမ်း
စခန်းတွေ ဘယ်လိုကြမ်းပါစေ
မြင့်မြတ်နေသူတို့ နှလုံးသား
ဓားတောင်တွေထိပ် တည်နေမည်မှာ အမှန်ဖြစ်သည်။

မေလ ၃၁ရက်၊ ၂၀၁၁ခုနှစ်။
လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....