၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Sunday, September 4, 2011

ဖလူး စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ်ကို DKBA ဝင်ရောက်တိုက်ခိုက်

http://www.naytthit.net/?p=18812

ကရင်ပြည်နယ် မြဝတီမြို့တော်ဘက် ဖလူကြီးကျေးရွာရှိ ကြံ့ဖွံ့အစိုးရ စစ်တပ် အခြေစိုက်စခန်းကို DKBA ၉၀၈ တပ်ရင်းမှ စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

DKBA ၉၀၈ တပ်ရင်းမှ ဗိုလ်ကြီး တောနော့ဖေါ ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ခိုက်မှုဟာ နာရီဝက်လောက်ကြာမြင့် ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးဘူးလို့ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ဆက်သွယ်ပြောကြားလာတာကတော့..

“မနေ့ညက ကျနော်တို့ ဘက်က ကြံ့ဖွံ့အစိုးရ စစ်တပ် စခန်းထိုင်တဲ့ ဖလူးကြီး စခန်းကို ဝင်တိုက်တယ်။ ရန်သူ အထိအ ခိုက်တော့ မသိရသေးဘူး ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ဘူး။ ကြံ့ဖွံ့အစိုးရ အနေနဲ့ လူမျိုးစုဒေသတွေမှာ တကယ် ငြိမ်းချမ်းရေးလုပ်ချင်တယ်ဆိုရင် ကျနော်တို့ ဒေသတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တပ်တွေ စစ်ကြောင်းတွေ ဖယ်ပေး ရ ပါမယ်။ အဲဒီလို မဟုတ်ဘဲ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ အသာစီးခြေကုတ်ယူပြီး ငြိမ်းချမ်းရေး လုပ်မယ်ဆို တာကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒီလိုအနေအထားတွေကိုလည်း အဆက်မပြတ် တိုက်ပွဲဝင် နေမှာ ဖြစ်တယ်။ အခုလည်း တိုင်းရင်းသားဒေသတွေကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေပဲ လွှတ်ပြီး ငြိမ်းချမ်းရေး စကားတွေ ပြောတော့မလိုလိုနဲ့ ခုတော့ ဟိုအဖွဲ့ကို အသိအမှတ်ပြုဘူး ဒီအဖွဲ့က မရှိတော့ဘူး ဆိုတဲ့ အသံတွေ ထွက်လာ ပြန်ပြီ။ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် တော်လှန်ရေးတာဝန်ကို ဆက်လုပ်နေရအုံးမှာပဲ” လို့ ပြောပြသွားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဆန်ကျင်းကြောင်း သဘောထားပြသတဲ့ အနေနဲ့ ၁၆ နှစ်ကြာ အပစ်အခတ်ရပ်စဲထားတဲ့ DKBA အဖွဲနဲ့ စစ်အစိုးရတပ်တွေဟာ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ ၁၀ လနီးပါးရှိခဲ့ပါပြီ။ ၂၀၁၁ ခုနှစ် စက် တင်ဘာလ ၂ ရက်နေ့မှာတော့ ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က စက် တင်ဘာ ၂ ရက်နေ့ နေ့စွဲနဲ့ DKBA နဲ့ ပတ်သက်တဲ့ သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာ ချက်ထဲမှာ DKBA ကို အသိအမှတ် မပြုကြောင်း DKBA ဆိုတာ မရှိတော့ကြောင်း ပါရှိပါတယ်။

0 comments:

Post a Comment